၂၀၂၄ တက္ကသိုလ်ဝင်ခွင့်တွင် NUCS၌ ပထမနှစ်ဒုတိယအသုတ်အတွက် ဝင်ခွင့်လျှောက်ထားပြီး တက်ရောက်ခွင့်ရရှိထားပြီး ပထမနှစ်၊ ပထမနှစ်ဝက်ကို ကျောင်းအပ်ထားသောကျောင်းသား၊ ကျောင်းသူများအတွက် ကြေညာချက်

(၂၂-၁၀-၂၀၂၄) ရက်‌ နေ့ ည ၉ နာရီမတိုင်မီ MES တွင် ဘာသာရပ်များ register လုပ်ထားပီးသူများသည် (၂၄-၁၀-၂၀၂၄) ရက်နေ့ နံနက် (၉)နာရီမှစ၍ LMS account information ကို မိမိတို့၏ MES Dashboard တွင်တင်ပေးထားမည်။ အဆိုပါ LMS account ကို အသုံးပြုပြီး လေ့လာရမည့် ဘာသာရပ်အလိုက်သင်ခန်းစာများနှင့် Zoom class timetable ကို LMS တွင်ကြည့်၍ လေ့လာသင်ယူမှုကိုစတင်ကြရပါမည်။

(၂၂-၁၀-၂၀၂၄) ရက် နေ့ ည ၉ နာရီ နောက် ပိုင်းမှ (၈-၁၁-၂၀၂၄) ရက် နေ့ အတွင်း MES တွင်ဘာသာရပ်များ register လုပ်သူများ၏ LMS account information ကို MES သို့ အပတ်စဉ်စနေနေ့ညတိုင်း ထပ်တိုးစာရင်းကို ဆက်လက်တင်ပေးသွားမည်။

Course Orientation

– ဘာသာရပ်မိတ်ဆက်၊ ဘွဲ့ဒီဂရီဆိုင်ရာ ရှင်းလင်းခြင်းနှင့် သိလိုသည့်များ မေးမြန်းခြင်း အစီအစဉ်ဖြစ်သည်။

  • နေ့ ရက်နှင့်အချိန် – (၂၇-၁၀-၂၀၂၄) ရက် (တနင်္ဂ‌နွေ) နေ့ ည (၇) နာရီ
  • ပြု လုပ်မည့် ပုံစံ – Zoom Meeting Link (LMS တွင် ကြည့်ပါ။)