၂၀၂၅ ခုနှစ်၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသည့်ကျောင်းသား/သူများအတွက် အရည်အချင်းစစ်စာမေးပွဲ လမ်းညွှန်

  • ၂၀၂၅ ခုနှစ် မေလ မှစ၍ MES မှတဆင့် National University of Computer Studies (NUCS) သို့  တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ကြသော ကျောင်းသား/သူများအနက်မှ အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံရသော ကျောင်းသား/သူများ၏ MES Dashboard ပေါ်တွင် ဝင်ခွင့်စာမေးပွဲဆိုင်ရာ အောက်ပါအချက်အလက်များကို တင်ပေးထားပါသည် –
    • စာမေးပွဲဖြေဆိုရမည့် နေ့ရက်
    • စာမေးပွဲ ဖြေဆိုရန် Username နှင့် Password 
  • ကျောင်းသား/သူများသည် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် သတ်မှတ်ထားသော (၂၅-၆-၂၀၂၅) ရက်နေ့ မနက် (၀၀:၀၀) နာရီမှ (၂၆-၆-၂၀၂၅) ရက်နေ့ ည (၁၁:၅၉) နာရီ အတွင်း မပျက်မကွက် ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်သည်။
  • အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ခြင်းတွင်  မည်သည့်အကြောင်းပြချက်နှင့်မျှ ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ သတ်မှတ်ထားသည့် စာမေးပွဲနေ့ရက်များတွင် မပျက်မကွက် (မပျက်မကွက်) ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်းပါသည်။ 
  • ကျောင်းသား/သူများသည် မိမိတို့၏ MES Dashboard တွင်ပေးထားသော အချက်အလက်များဖြင့် ဤနေရာကိုနှိပ်၍ Login ဝင်ရောက်ပြီး –
    • စာမေးပွဲသတ်မှတ်ချက်များနှင့် ဖြေဆိုရမည့်ဘာသာရပ်များ၏မေးခွန်းပုံစံများကို ဖတ်ရှုနိုင်ပါသည်။ 
    • ဖြေဆိုရမည့်စနစ် အသုံးပြုနည်း လမ်းညွှန်ကို (၂၄.၆.၂၀၂၅) မှစ၍ ဖတ်ရှုနိုင်ပါသည်။ 
    • ဖြေဆိုရန်သတ်မှတ်ထားသည့် နေ့ရက်များတွင်သာ ဖြေဆိုရမည့်စာမေးပွဲကို တွေ့မြင်နိုင်ပြီး၊ (၁၅) မိနစ်စာ နမူနာစာမေးပွဲ (Sample Question) ကိုလည်း ကြိုတင်ဖြေဆိုကြည့်နိုင်ပါသည်။ 
  • ဖြေဆိုရန် သတ်မှတ်ပေးထားသောရက်များအတွင်း မိမိနေရာ၏ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း အဆင်ပြေသည့်အချိန်တွင် ဖြေဆိုနိုင်သည်။ ဝင်ခွင့်စာမေးပွဲကို လက်ရှိအင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ရရှိမှု အခြေအနေများကြောင့် (၂) ကြိမ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး အများဆုံးရမှတ်ကိုသာ အတည်ယူပါမည်။
  • ကျောင်းသား/သူများအနေဖြင့် မိမိတို့အတွက် သတ်မှတ်ပေးထားသော Username နှင့် Password များကို မည်သည့်အကြောင်းကြောင့်ဖြင့် မည်သူကိုမှ မပေးရပါ။
  • ဤစာမျက်နှာရှိ အချက်အလက်များကို အလျဉ်းသင့်သလို ဖြည့်စွက်ပြင်ဆင်ချက်များ ရှိနိုင်ပါသောကြောင့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ အရည်အချင်းစစ် စာမေးပွဲ မဖြေဆိုမီ အချိန်အထိ ဤစာမျက်နှာကို အမြဲဝင်ရောက် ဖတ်ရှုကြပါရန် တိုက်တွန်းပါသည်။
  • မေးမြန်းလိုသည်များ ရှိပါက အောက်ပါ Links များကို နှိပ်၍ ဆက်သွယ်မေးမြန်းနိုင်ပါသည် –