Computer fundamental & A+
ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်အဖြစ် လူတိုင်းနားလည်တတ်ကျွမ်းသင့်တဲ့ ကွန်ပျူတာအခြေခံ နှင့် A+အတန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံ့လိုက်ပါပြီ။
ITကို အခြေခံကနေစနစ်တကျ သင်ယူလိုသူတွေနဲ့ ကိုယ်တိုင် အသုံးပြုနေရတဲ့ ကွန်ပျူတာအကြောင်း သိရှိလိုသူတွေအတွက် Computer fundamental & A+ အကြောင်းကို သင်ယူနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။
ဘာတွေသင်ပေးမှာလဲ။
ကွန်ပျူတာ တပ်ဆင်တည်ဆောက်ထားပုံတွေ၊ Concept problemတွေ၊ Errorရှင်းနည်းတွေနဲ့ Solution problemတွေကို အခြေခံမှတစ်ဆင့် ဘယ်လိုစဉ်းစား ဖြေရှင်းရမလဲ ကိုင်တွယ်ရမလဲဆိုတာကို စနစ်တကျ သင်ကြားပေးပြီး အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Computer fundamental အပိုင်းကိုလည်း သေသေချာချာ သင်ပြပေးသွားမှာမို့ ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်အားထက်သန်မှုနဲ့ လေ့လာသင်ယူချင်စိတ်ရှိဖို့သာ လိုအပ်ပါတယ်။
Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။
✓ March 20 ရက်နေ့ကစပြီး
✓ တနင်္လာနေ့ ကနေ ကြာသပတေးနေ့အထိ
✓ ည 7:30 ကနေ 9:00 နာရီအချိန်တိုင်း
zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။
စုစုပေါင်း 15နာရီစာ Courseက 3 ပတ်ပဲ ကြာမြင့်ပါမယ်။
ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။
ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။
လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 25ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။
Registration Form – https://forms.gle/JiLrCL7vaqZFbP3y6
ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။