Screenshot-2024-10-08-101428

About
National University of Computer Studies

NUCS ၏ နောက်ခံသမိုင်း

National University of Computer Studies (NUCS) သည် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင်အသိအမှတ်ပြုမှုနှင့်အညီ တည်ထောင်ဖွင့်လှစ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (Self-Administrative University) တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံတဝှမ်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များဖြစ်သော မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)များ၏ IT ဘာသာရပ်များမှ ပညာရေးရပ်တန့်နေခဲ့သော ကျောင်းသား/သူများ အတွက် ဆက်လက်ပညာသင်ယူနိုင်ရေးကို ၂၀၂၄ အောက်တိုဘာလမှ စတင်လက်ခံသင်ကြားပေးလျှက်ရှိပါသည်။

၂၀၂၃-၂၄ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့မှတဆင့် လျှောက်ထားကြသော ပထမနှစ် ကျောင်းသား/သူ များကိုလည်း လက်ခံသင်ကြားပေးလျှက်ရှိပါသည်။

Study Programs and Courses

Our Vision

NUCS သည် နည်းပညာသင်ကြားရေးကို ခေတ်မီစွာ တည်ဆောက်ထားပြီး အနာဂတ်တွင် နိုင်ငံတကာအသိအမှတ်ပြု Online University တစ်ခုအဖြစ် တည်တံ့နိုင်ရန် ရည်ရွယ်ထားပါသည်။

အနာဂတ်မှာ –

  • နိုင်ငံတကာမှ အကူအညီဖြင့် သင်တန်းအစီအစဉ်များ တိုးချဲ့မည်။
  • CDM ကျောင်းသားများအတွက် လေ့လာမှုအခွင့်အလမ်းများ ပိုမို ဖန်တီးမည်။
  • နိုင်ငံတကာသို့ ထွက်ခွာနိုင်သော ကျောင်းသားများအတွက် Degree Credit Transfer အခွင့်အလမ်းများ ဖန်တီးမည်။
  • Digital Learning နှင့် Tech Education ကို မြန်မာ့ပညာရေးတွင် အမြဲတမ်း ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်မည်။

Contact us