နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် ကြေညာချက်

မေ ၄၊ ၂၀၂၄

ကွန်ပျူတာတက္ကသိုလ်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) နှင့် နည်းပညာတက္ကသိုလ်-ရတနာပုံဆိုက်ဘာစီးတီး (UTYCC) တို့တွင် နောက်ဆုံးနှစ်သင်တန်း တက်ရောက်ခဲ့ကြသော ကျောင်းသား/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးနိုင်ရေးနှင့် ယာယီဘွဲ့လက်မှတ် ထုတ်ပေးနိုင်ရေးကို ဤကြေညာချက်တွင် ဖတ်ရှုပါ။

စိတ်ပါဝင်စားသော ကျောင်းသား/သူများသည် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လျှောက်လွှာတင်သွင်းရန်လင့်တွင် လျှောက်လွှာဝင်ရောက် ဖြည့်စွက်ပြီး ကြေညာချက်ပါတိုင်း ဆက်လက် ဆောင်ရွက်နိုင်ပါသည်။

ကျောင်းသား/သူအတွက် ထောက်ခံစာ တင်သွင်းပေးမည့်သူများသည် ထောက်ခံစာတင်သွင်းပေးရန်လင့် တွင် ဝင်ရောက်ပြီး တင်သွင်းပေးနိုင်ပါသည်။ 

ဖောင်ဖြည့်သွင်းရန် လမ်းညွှန်ချက်ကို ဤကြေညာချက်တွင် ဖတ်ရှုနိုင်ပါသည်။

လုပ်ဆောင်ရမည့်လမ်းညွှန်ချက်

  • သတ်မှတ်ထားသည့် Learning Platform များမှ အသိအမှတ်ပြုလက်မှတ်များ ရယူပါ။ (လက်မှတ်ပေါ်ရှိ အမည်နှင့် ကျောင်းသား/သူအမည် တူညီရပါမည်။)
  • ရရှိထားသော လက်မှတ်များနှင့် ယခင်ကျောင်းသား/သူဖြစ်ကြောင်းအထောက်အထားများကို ucs.iboe@he.moeedu.org ကို အီးမေးလ်ပေးပို့ပြီး Subject တွင် “ဘွဲ့လက်မှတ်လျှောက်ထားခြင်း” ဟု ဖော်ပြပေးပါ။
  • ဤလင့်မှတဆင့် ဖောင်ဖြည့်သွင်းပါ။
  • စိစစ်ခြင်းနှင့် ဘွဲ့လက်မှတ်ပြင်ဆင်ခြင်းများအတွက် အချိန် ၁ ပတ်မှ ၂ ပတ်အတွင်း စောင့်ဆိုင်းပေးပါ။ 

ပူးတွဲ | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၁) | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၂) | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၃) | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၄) | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။