Covid-19 နှင့် စစ်အာဏာသိမ်းမှုကြောင့် သင်တန်းရပ်တန့်နေခဲ့ရသော ကျောင်းသား/သူများအတွက်
ဆက်လက်ပညာသင်ယူနိုင်မည့် အစီအစဉ် ကြေညာချက်

Covid 19 နှင့် စစ်အာဏာသိမ်းမှုကြောင့် ပညာ ရေးရပ်တန့် နေခဲ့ကြ သော ကျောင်း သား/သူများအတွက်အတန်းများပြန်လည်ဖွင့်လှစ်ရန်အတွက် Registration ကို ဖွင့် ပေး လျှက်ရှိရာ နိုဝင်ဘာ ၂၇၊ ၂၀၂၄ရက် နေ့အထိ လျှောက် ထားနိုင်ပါသည်။ လျှောက် လွှာဖြည့်သွင်းပီးသူများကို MES မှတဆင့် Enrollment လုပ်ရန် ကြေညာခဲ့သော်လည်း အဆင်မပြေမှုအချိုကြောင့် MES မှတဆင့် Enrollment ပြု လုပ်ခြင်းကို လုပ်ဆောင် ရန် မလိုအပ်တာ့ပါ။
၂၇.၁၁.၂၀၂၄ ဖောင်ပိတ်ပီး နောက် တွင် တင်သွင်း လျှောက် ထား သော လျှောက်လွှာတ စောင်ချင်းစီကိုစိစစ်မည်ဖြစ်ပီး စိစစ်ပြီး ကျောင်းသား/သူများကို ၄.၁၂.၂၀၂၄ မတိုင်မီ အီးမေးလ် ပေးပိုမည်ဖြစ်ပါသည်။ ယင်းအီးမေးလ်တွင် ပါသော လမ်းညွှန်ချက်အတိုင်း LMS တွင် Enrollment ပြု လုပ်ပီးသင်တန်းကို တက်ရောက် နိုင်ပါသည်။
– ဖောင်ပိတ်မည့်ရက် – ၂၇.၁၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
– စိစစ်ခြင်းနှင့် အီးမေးလ် ပြန်ပိုမည့်ရက် – ၂၈.၁၁.၂၀၂၄ (ကြာသပေတး) မှ ၄.၁၂.၂၀၂၄ (ဗုဒ္ဓဟူး နေ့)
– LMS တွင် Enrollment လုပ်ရမည့်ရက် – ၅.၁၂.၂၀၂၄ (ကြာသပေတး) မှ ၁၂.၁၂.၂၀၂၄(ကြာသပေတးနေ့)
– သင်တန်းများ စတင်တက် ရောက် ရမည့်ရက် – ၁၂.၁၂.၂၀၂၄ (ကြာသပေတးနေ့)
စိစစ်ခြင်းလုပ်ငန်းများကို ယခုကတည်းက စတင်နေပါသဖြင့် စာရွက်စာတမ်း အထောက်အထားမပြည့်စုံသော ကျောင်းသား/သူများကို အီးမေးလ်ပေးပို့ကာ ပြန်လည် တောင်းခံမည်ဖြစ်ပါသဖြင့် မိမိတို့အီးမေးလ်ကို အမြဲစစ်ဆေးကြပါရန် တိုက်တွန်းပါသည်။
Orientation ရက် ကျင်းပကာ ရှင်းပြပေးမည်ဖြစ်ပါသဖြင့် မပျက်မကွက်တက် ရောက်ကြပါရန်လည်းတိုက်တွန်းပါသည်။
တက် ရောက် ခွင့်ရရှိရန် ဖောင် ဖြည့်သွင်းခြင်းနှင့်သက်ဆိုင် သောပိုစ်ကို အောက်ပါ လင့်တွင်ကြည့်ရှုနိုင်ပါသည်။
- NUCS Facebook Page – https://www.facebook.com/share/p/aJ3Zipg8RKup43Sa/
- NUCS Website – https://ucs-iboe.org/
- NUCS Email – ucs.iboe@he.moeedu.org
(Orientation ကျင်းပမည့်ရက်စွဲကို ထပ်မံကြေငြာပေးပါမည်။)
– NUCS
– ucsiboe
– resume