Effective Strategies for Enhancing Four Skills in IELTS Course Batch (2)

                ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်ရဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ Effective Strategies for Enhancing Four Skills in IELTS Course ၏ Batch (2) ကိုထပ်မံဖွင့်လိုက်ပါတယ်။

Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။
✓ May 10 ရက်နေ့ကစပြီး
✓ ည 6:30 ကနေ 7:30 အချိန်
✓ ဗုဒ္ဓဟူးနေ့ ကနေ သောကြနေ့အထိ zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။
စုစုပေါင်း 15နာရီစာCourseက 5 ပတ်ကျော် ကြာမြင့်ပါမယ်။

ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။

            ဒီ courseကို  ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။

           လူနည်းနည်းနဲ့ ထိထိရော‌က်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 30ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။