ကျောင်းအပ်နည်းလမ်းညွှန်
(NUCS ဝင်ခွင့်ရပြီးသူများအတွက်သာ)
https://mes.moeedu.org တွင် မိမိတို့၏ ကျောင်းသားနံပါတ်နှင့်လျှို့ဝှက်စကားလုံးများ အသုံးပြုပြီး log in ၀င်ပါ။
တက္ကသိုလ်ရွေးချယ်ခြင်း
“စာရင်းသွင်းရန်”ကိုရွေးချယ်ပြီး NUCS တတ်ရောက်ရန် Accepted ပြုလုပ်ထားသော ကျောင်းသား/သူများသည် National University of Computer Studies ကို ရွေးချယ်ပါ။တခြားတက္ကသိုလ်များရွေးချယ်မိပါက မည့်သည့်အချက်အလက်မှ မြင်ရမည် မဟုတ်ပါ။
တက်ရောက်မည့်သင်တန်းရွေးချယ်ခြင်း
ပထမနှစ် ကျောင်းသား/သူများတတ်ရောက်ရမည့် First Year (B.C.Sc/B.C.Tech) သင်တန်းကို ပုံပါအတိုင်း ပြထားပါသည်။ ပုံပါအတိုင်းရွေးချယ်ပြီး နောက်အဆင့်ကိုနှိပ်ပါ။
ကျောင်းသား/သူများသည် မိမိတိုနှစ်သက်ရာမေဂျာကို ဒုတိယနှစ်တွင် ရွေးချယ်ခွင့် ရရှိပါမည်။
ပညာသင်နှစ်၀က်ရွေးချယ်ခြင်း
ယခုတတ်ရောက်ရမည့်ဘာသာရပ်များကို တွေ့ရပါမည်။
ဘာသာရပ်ရွေးချယ်ခြင်း-၁
ကွန်ပျုတာတက္ကသိုလ်၊ ပထမနှစ်၀က်တွင် ဘာသာရပ်(၇)ခုတတ်ရောက်ရပါမည်။ဘာသာရပ်(၆)ခုကိုရွေးချယ်ခွင့်မရှိဘဲ တတ်ရောက်ရမည်ဖြစ်မည်။
ဘာသာရပ်ရွေးချယ်ခြင်း-၂
Elective ဘာသာတစ်ခုကိုသာ ရွေးချယ်ခွင့်ရမည်ဖြစ်သည့်အတွက် ၂ခုလုံးရွေးချယ်ပါက ရှေ့ဆက်လုပ်ဆောင်ခွင့် ရမည်မဟုတ်ပါ။
ဘာသာရပ်ရွေးချယ်ခြင်း-၃
မိမိတတ်ရောက်လိုသည့် Elective ဘာသာရပ်တစ်ထုကို ရွေးချယ်ပြီး နောက်အဆင့်ကိုနှိပ်ပါ။
အချက်အလက်များပြန်လည်စစ်ဆေးအတည်ပြုခြင်း
ဤအဆင့်တွင် မိမိ၏အချက်အလက်များ မှန်/မမှန်စစ်ဆေးပြီး အတည်ပြုရန်အတွက် ‘OK’ ကိုနှိပ်ပါ။ ကျောင်းအပ်ခြင်း အောင်မြင်ကြောင်း အတည်ပြုချက် မက်ဆေ့ပြပါလိမ့်မည်။ ‘OK’ကိုနှိပ်ပါ။ ကျောင်းအပ်ခြင်းအောင်မြင်စွာပြီးဆုံးခြင်းဖြစ်ပါသည်။