Web Development

                ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။

web development

သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ -

=> အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ

=> Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm

=> Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System

=> ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။ စတင်သင်ကြားမယ့်ရက်ကတော့ (11/9/2023) ရက်နေ့မှာဖြစ်ပြီး နှစ်လကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းရဲ့ ညနေ (5:30 pm - 7:00 pm) တိုင်းမှာ Zoom မှ online class အဖြစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

              လူဦးေရကန့်သတ်ထားမှုေလးေတာ့ရှိတာေကာင့် တက်ေရာက်လိုသူသပိတ်ေမှာက်ေကျာင်းသားများအေနြဖင့် အြမန်ဆံုးစာရင်းေပးသွင်းထားဖို့ေတာ့ လိုအပ်ပါတယ်ေနာ်။တက်ေရာက်ခွင့်ေရာက်သူ ေကျာင်းသားများကို E-mail မှတဆင့်   ြပန်လည်အင်းကားမှာြဖစ်တာေကာင့် စာရင်းသွင်းပီးရင် mail ေလးေစာင့်ကည့်ေပးကဖို့ေတာ့ေမတ္တာရပ်ခံပါတယ်ခင်ဗျာ။