ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန 
အဆင့်မြင့်ပညာကဏ္ဍ
NATIONAL UNIVERSITY OF COMPUTER STUDIES
“ကြေညာချက်”
ကျောင်းလခကောက်ခံခြင်း
 (၀၀၁/ ၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

National University of Computer Studies (NUCS) ၏ တက္ကသိုလ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၈-၂/၂၀၂၄) ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအးအတွက် အောက်ဖော်ပြပါအတိုင်း ကျောင်းလခ ကောက်ခံမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ကျောင်းအပ်လက်ခံခြင်းနှင့် ‌ကျောင်းလခ ကောက်ခံမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည် –

၁။ ကျောင်းလခကောက်ခံမည့်ကာလ –
🗓️၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ

၂။ လက်ခံမည့်နေရာ –
NUCS တက္ကသိုလ်ဘဏ်အကောင့် 💳(SDB) နှင့် 💳NUGPay၊ 📲ဘဏ္ဍာရေးရာဌာန (Online Payment System)

၃။ ပေးသွင်းရမည့်နှုန်းထားများ

  • ကျောင်းအပ်လက်ခံခြင်း (admission fees) – 💵(၁၀,၀၀၀) ကျပ်
  • ကျောင်းလခ – စာသင်နှစ်ဝက်တစ်ခုလျှင် – 💵(၂၀,၀၀၀) ကျပ်

၄။ ပေးသွင်းရန် နည်းလမ်းများ
SDB/ NUGPay ဖြင့်ပေးသွင်းနိုင်သည်။

၅။ ငွေပေးသွင်းပြီးကြောင်းအထောက်အထား
ကျောင်းသား/သူများသည် ငွေပေးချေပြီးပါက ငွေလွှဲသက်သေခံချက် 📸(Screenshot) အား ကျောင်းလခကောက်ခံမည့်ကာလအတွင်း 📋Google Form တွင် ဖြည့်သွင်းပေးပို့ တင်ပြရမည်။

၆။ NUCS တက္ကသိုလ်ဘဏ်အကောင့် 💳(SDB)၊ 💳NUGPay နှင့် 📋Google Form Link အချက်အလက်များကို ➡️ https://nucs-edu.org/admission-fee မှတစ်ဆင့် ထပ်မံ ထုတ်ပြန်ကြေညာပေးပါမည်။

၇။ အသေးစိတ်အချက်အလက်များ စုံစမ်းနိုင်မည့်နေရာ
Telegram Channel – NUCS Admission fee Enquiry ➡️ https://t.me/+THBtPzeKpRBiMWNl

ကျောင်းသားရေးရာဌာန
National University of Computer Studies