NUCS တွင် တက်ရောက်နေကြသော ကျောင်းသား/သူများအတွက် ရပ်နားခွင့်တောင်းခံခြင်း၊ ပြန်လည်တက်ရောက်ခွင့်တောင်းခံခြင်းနှင့် နှုတ်ထွက်ခွင့်တောင်းခံခြင်းများကို အောက်ပါအတိုင်း ပြုလုပ်ရမည် ဖြစ်ပါသည်။

  • 📄 အကြောင်းအမျိုးမျိုးကြောင့် ပညာသင်နှစ်မှ ရပ်နားလိုသူ ကျောင်းသား/သူများသည် "ရပ်နားခွင့်တောင်းခံလျှောက်လွှာပုံစံ"ကို ဖြည့်ရပါမည်။ ဖြည့်သွင်းရန် ဤလင့်ကို နှိပ်ပါ။
  • ⏳ ယင်းနောက် တက္ကသိုလ်၏လုပ်ဆောင်မှုများအတွက် အချိန် (၂) ပတ် စောင့်ဆိုင်းပေးပါ။ ကျောင်းသား/သူ၏ LMS ဝင်ရောက်ခွင့်ကို ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။
  • 📧 ရပ်နားမှုတောင်းခံခြင်းကို အတည်ပြုကြောင်း အီးမေးလ်ကို တက္ကသိုလ်ဘက်မှ ပြန်လည် ပေးပို့ပါမည်။
  • 🚫 ရပ်နားမှုသည် စာသင်နှစ် (၁)နှစ်စာ ဖြစ်ပါသည်။ အတည်ပြုကြောင်း အီးမေးလ်ပို့ပြီးပါက ယင်းစာသင်နှစ်အတွင်း ပြန်လည်တက်ရောက်လိုကြောင်း တောင်းခံချက်ကို လုံးဝ(လုံးဝ) လက်မခံပါနောက်စာသင်နှစ်မှသာ ပြန်လည် တက်ရောက်ခွင့် ရပါမည်။
  • 📝 အကြောင်းအမျိုးမျိုးကြောင့် ပညာသင်နှစ်မှ ရပ်နားထားသော ကျောင်းသား/သူများသည် ပြန်လည်တက်ရောက်လိုပါက "ပြန်လည်တက်ရောက်ခွင့်တောင်းခံလျှောက်လွှာပုံစံ" ကို ဖြည့်စွက်ရပါမည်။ ဖြည့်သွင်းရန် ဤလင့် ကို နှိပ်ပါ။
  • ⏳ ယင်းနောက် တက္ကသိုလ်၏လုပ်ဆောင်မှုများအတွက် အချိန် (၂) ပတ် စောင့်ဆိုင်းပေးပါ။
  • 📧 တက္ကသိုလ်ဘက်မှ ပြန်လည်တက်ရောက်ရန်အတွက် လိုအပ်သော LMS Information များကို ကျောင်းသား/သူထံသို့ အီးမေးလ်ပေးပို့ပါမည်။ ယင်းအချက်အလက်များဖြင့် LMS ကို ဝင်ရောက်ကာ ပညာဆက်လက်သင်ယူနိုင်ပါသည်။
  • 📩 အကြောင်းအမျိုးမျိုးကြောင့် NUCS မှ နှုတ်ထွက်လိုသူများသည် studentaffairs@nucs-edu.org သို့ နှုတ်ထွက်လိုကြောင်း အီးမေးလ်ပေးပို့ရပါမည်။
  • 👤 ကျောင်းသား/သူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး တခြားသူကိုယ်စား လျှောက်ထားပေးခြင်းကို လက်မခံပါ။
  • 📝 အီးမေးလ်တွင် အောက်ပါ အချက်အလက်များကို ထည့်သွင်းပေးရမည် —
    • ကျောင်းသား/သူ၏ MES ID နှင့် NUCS Student ID
    • ကျောင်းသား/သူ၏ အမည်
    • သင်တန်းနှစ်
    • "နှုတ်ထွက်စာရပြီးနောက် NUCS တွင် တက်ရောက်ခွင့် ပြန်လည်ရရှိမည် မဟုတ်ကြောင်းကို သိရှိပါသည်" ဟူသော စာသားကို အီးမေးလ်ထဲတွင် ထည့်ရေးပြီးပေးပို့ပါရန်
  • 📧 NUCS ဘက်က နှုတ်ထွက်စာကို အီးမေးလ်ဖြင့် ပြန်လည်ပေးပို့ပါမည်။
    (စိစစ်ခြင်းနှင့် အတည်ပြုခြင်းများအတွက် အချိန် ၂ ပတ်မှ ၁ လအထိ ကြာနိုင်ပါသည်။)
  • ⚠️ အထူးသတိပြုရန် — နှုတ်ထွက်စာ ထုတ်ပေးလိုက်ပြီးနောက် မည်သည့်အကြောင်းပြချက်ဖြင့်မှ NUCS တွင် ပြန်လည်တက်ရောက်ခွင့် ပြုမည်မဟုတ်ပါ။