National University of Computer Studies

တက္ကသိုလ်ဝင်ကြေးနှင့် ကျောင်းလခ ပေးသွင်းနည်းလမ်းညွှန်

ဘွဲ့ကြို ကျောင်းသား/သူများအတွက်သာ

ဤစာမျက်နှာကို စက်တင်ဘာ ၄၊ ၂၀၂၆ နေ့တွင် ပြင်ဆင်ထားပါသည်။
တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့သည် အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးနောက် တက္ကသိုလ်ဝင်ကြေးနှင့် ကျောင်းလခ ကောက်ခံခြင်းကို အောက်ပါနည်းလမ်းအတိုင်း ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသား/သူများအနေဖြင့် ပြောင်းလဲလိုက်သည့် အစီအစဉ်ကို နားလည်ပေးကြပါရန်နှင့် အောက်ပါလမ်းညွှန်ချက်များအတိုင်း ကျောင်းလခကို ပေးသွင်းကြပါရန် အသိပေးအပ်ပါသည်။

ကျောင်းလခ ပေးသွင်းနည်း အဆင့်ဆင့်

၁

LMS ကြေညာချက်မှတစ်ဆင့် ငွေလွှဲခြင်း

LMS အတွင်းရှိ ကြေညာချက် (Announcements) တွင် ကျောင်းလခပေးသွင်းရန် လိုအပ်သော ဖောင်လင့်ခ်ကို ဖော်ပြပေးထားပါသည်။ ဖောင်တွင် ဖော်ပြထားသည့် Spring Development Bank (SDB) သို့မဟုတ် NUG Pay ၏ QR Code ကို အသုံးပြု၍ မိမိပေးသွင်းလိုသည့် ကျောင်းလခပမာဏကို လွှဲပြောင်းပေးသွင်းပါ။

Spring Development Bank (SDB)

ဖောင်တွင် ဖော်ပြထားသည့် SDB QR Code ကို အသုံးပြု၍ ငွေလွှဲနိုင်ပါသည်။

NUG Pay

ဖောင်တွင် ဖော်ပြထားသည့် NUG Pay QR Code ကို အသုံးပြု၍ ငွေလွှဲနိုင်ပါသည်။

၂

ငွေလွှဲအထောက်အထား တင်သွင်းခြင်း

ငွေလွှဲပြီးပါက ငွေလွှဲအောင်မြင်ကြောင်း ပြသသည့် Screenshot ကို သိမ်းဆည်းထားပါ။ ထို့နောက် LMS ကြေညာချက်တွင် ဖော်ပြထားသည့် ဖောင်လင့်ခ်သို့ ဝင်ရောက်ပြီး လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ကာ ငွေလွှဲ Screenshot ကို ပူးတွဲတင်သွင်းပါ။

⚠️ အထူးသတိပြုရန်

ငွေလွှဲပြီးပါက ငွေလွှဲအထောက်အထား Screenshot ကို သေချာစွာ သိမ်းဆည်းထားပြီး ဖောင်တွင် လိုအပ်သည့် အချက်အလက်များနှင့်အတူ မှန်ကန်စွာ တင်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အကူအညီနှင့် ဆက်သွယ်ရန်

ကျောင်းလခပေးသွင်းရာတွင် အဆင်မပြေမှုများ သို့မဟုတ် မေးမြန်းလိုသည်များရှိပါက တက္ကသိုလ်၏ တရားဝင် Telegram Channel မှတစ်ဆင့်လည်းကောင်း၊ studentaffairs@nucs-edu.org သို့ အီးမေးလ်ပေးပို့၍လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Telegram Channel သို့ သွားရန်  |  NUCS Facebook Page