National University of Computer Studies
MES မှ တဆင့် သင်တန်းအပ်နှံခြင်း လမ်းညွှန်
ပထမနှစ် ကျောင်းသား/သူများအတွက်
ပထမနှစ်၊ ပထမနှစ်ဝက် ဘာသာရပ်များ
သင်ယူရမည့် Mandatory ဘာသာရပ်များ
| M-1161 | မြန်မာစာ |
| E-1161 | English |
| P-1171 | Physics |
| CST-1111 | Mathematics Calculus – I |
| CST-1121 | Data Structures and Algorithms |
| CST-1131 | Computer Fundamentals |
Elective ဘာသာရပ်များ (တစ်ခုသာ ရွေးရန်)
| Elective-1001 | Knowledge Sharing (Webinar/Seminar) – I |
| Elective-1153 | Computer Applications – I |
သင်တန်းအပ်နှံနည်း အဆင့်ဆင့်
Login ဝင်ခြင်း
MES သို့ ဝင်ရောက်ရန် ဤလင့် ကိုနှိပ်ပါ။ MES တွင် မိမိ၏ Student ID နှင့် Password တို့ဖြင့် Log In ဝင်ပါ။
တက္ကသိုလ်ရွေးချယ်ခြင်း
Menu ထဲမှ “ စာရင်းသွင်းရန်” ကိုရွေးချယ်ပြီး ပေါ်လာသည့် NUCS ကို ရွေးချယ်ပါ။
တက်ရောက်မည့်သင်တန်းရွေးချယ်ခြင်း
ပထမနှစ် ကျောင်းသား/သူများအတွက် First Year (B.C.Sc./B.C.Tech.) သင်တန်းကို ပုံတွင်ပြထားသလို ရွေးချယ်ပါ။
ဘာသာရပ်များရွေးချယ်ခြင်း
ပထမနှစ်သင်တန်း ပထမနှစ်ဝက်အတွက် သတ်မှတ်ထားသည့် ဘာသာရပ် (၆)ခု မှာ အလိုအလျောက်ရွေးချယ်ထားပြီးဖြစ်သည့်အတွက် ရွေးချယ်စရာမလိုဘဲ Elective‑1001 နှင့် Elective‑1053 တို့အနက် တစ်ခုကိုသာ ရွေးချယ်ပါ။
အချက်အလက်များစစ်ဆေးပြီး အတည်ပြုခြင်း
မိမိ၏ အချက်အလက်များမှန်ကန်ကြောင်း ပြန်လည်စစ်ဆေးပြီး “ အိုကေ” ကိုနှိပ်၍ အတည်ပြုပါ။ အောင်မြင်ကြောင်း အတည်ပြုသည့် ‘Your enrollment is successful’ စာသားမြင်ရမည်ဖြစ်ပြီး “ အိုကေ” ကိုနှိပ်ပါ။
အပ်နှံထားသောသင်တန်း ကြည့်ရှုခြင်း
“ ကျောင်းသား/သူ အသေးစိတ်” → “ သင်တန်း” မှတဆင့် မိမိအပ်နှံထားသော သင်တန်းကို ကြည့်ရှုနိုင်ပါသည်။
ဘာသာရပ်များနှင့် Credit/Grade ကြည့်ရှုခြင်း
သင်တန်းအတွက် သင်ယူရမည့် ဘာသာရပ်များကို ကြည့်ရှုနိုင်ပြီး၊ စာသင်နှစ် သင်တန်းပြီးဆုံးပြီးနောက် ဘာသာရပ်များ၏ Credit/Grade များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
LMS Account Information များ ကြည့်ရှုခြင်း
Enrollment ပြီးစီးပြီး တပတ်မှ တလအတွင်း NUCS ဘက်မှ ကျောင်းသား/သူ၏ LMS Moodle Account Information များ ပြန်တင်ပေးပါမည်။ “ကျောင်းသား/သူအသေးစိတ်” → “ဆက်သွယ်ရန်အချက်အလက်များ” တွင် ကြည့်ရှုနိုင်ပါသည်။
LMS အသုံးပြုခြင်း
MES အတွင်းရှိ LMS account information များကို အသုံးပြု၍ NUCS – Learning Management Platform ကို ဤလင့် မှ ဝင်ရောက်ပြီး လေ့လာသင်ယူမှုများ ပြုလုပ်နိုင်ပါသည်။
အထူးသတိပေးချက်
မိမိတို့၏ MES ID, Password များနှင့် LMS ID, Password များ အပါအဝင် LMS ထဲရှိ မည်သည့်အချက်အလက်ကိုမှ အခြားသူများထံ ဖြန့်ဝေခြင်း၊ Group Chat များတွင် ဖြန့်ဝေခြင်းများကို မည်သည့် အကြောင်းကြောင့်ဖြင့်မှ မပြုလုပ်ကြပါရန်နှင့် မေးမြန်းလိုသည်များ ရှိပါက တက္ကသိုလ်၏ တရားဝင် Facebook နှင့် Telegram Channel များမှ Admin များထံ တိုက်ရိုက်မေးမြန်း၍သော်လည်းကောင်း studentaffairs@nucs-edu.org သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။
သင်တန်းအပ်နည်းလမ်းညွှန်ဖိုင်ကို ဤလင့် တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
