အမေးများသောမေးခွန်းများ
၂၀၂၁ မတိုင်ခင်ရပ်တန့်နေခဲ့သော ကျောင်းသား/သူများဆိုင်ရာမေးခွန်းများ
ရပါတယ်။ NUCS က Covid-19 နှင့် အာဏာသိမ်းမှုကြောင့် ပညာရေးရပ်တန့်နေကြတဲ့ ကွန်ပျူတာတက္ကသိုလ်နဲ့ ကွန်ပျူတာနဲ့ နှီးနွယ်တက္ကသိုလ်များရဲ့ တချို့ မေဂျာတွေကို လက်ခံ သင်ကြားပေးနေပါတယ်။
နောက်ဆုံးနှစ် မဟုတ်သေးသူများအတွက် အသေးစိတ်အချက်အလက်များကို https://nucs-edu.org/admission/announcement-for-continuing-students/ တွင် ဝင်ရောက်ဖတ်ရှုပါ။
နောက်ဆုံးနှစ်ကျောင်းသား/သူများ ဘွဲ့လက်မှတ် ရယူနိုင်ရေးကို https://nucs-edu.org/admission/announcement-for-final-students/ တွင် ဖတ်ရှုပါ။
နောက်ဆုံးနှစ်ကျောင်းသား/သူများ ဘွဲ့လက်မှတ် ရယူနိုင်ရေးကို https://nucs-edu.org/admission/announcement-for-final-students/ တွင် ဖတ်ရှုပါ။
Intern Report အထောက်အထား မပြနိုင်သူတွေအတွက် Project ပါတဲ့ အွန်လိုင်းသင်တန်းတွေ လုပ်ခွင့်ပြုထားမို့လို့ https://nucs-edu.org/admission/announcement-for-final-students/ တွင် အသေးစိတ် ဖတ်ရှုပါ။
ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM အပါအဝင်)၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ Computer Science Engineering နှင့် Electronic and Communication Engineering မေဂျာများ၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) (UT-YCC) မှ Information Science and Technology နှင့် Computer Engineering မေဂျာများ
အဆိုပါတက္ကသိုလ်များ၏ ကြားကာလတက္ကသိုလ်ကောင်စီများ၊ ကြားကာလပညာရေးအဖွဲ့များကိုသာ ဆက်သွယ်ပါရန် အကြံပြုပါသည်။ NUCS တွင် တက်ရောက်လိုပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကခေါ်ဆိုသော တက္ကသိုလ်ဝင်ခွင့်ကနေသာ လျှောက်ထားရပါမည်။
လုံခြုံရေးအရ ဒီသတ်မှတ်ချက်ကို ထည့်ထားတာဖြစ်လို့ CDM ဝန်ထမ်းတစ်ဦးဦးရဲ့ ထောက်ခံစာမပါဘဲ ကျောင်းဆက်တက်ခွင့် မပြုနိုင်သေးပါဘူး။
CDM ဖြစ်ကြောင်းထောက်ခံပေးဖို့ ဆရာ/မဖြစ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ မိမိတို့နဲ့ နီးစပ်ရာ CDM ဝန်ထမ်းတစ်ဦးဦးကို အကူအညီတောင်းနိုင်ပါတယ်။ လုံခြုံရေးအရ CDM ဝန်ထမ်းတစ်ဦးဦးရဲ့ ထောက်ခံစာမပါဘဲ ကျောင်းဆက်တက်ခွင့် မပြုနိုင်သေးပါဘူး။
အထွေထွေ မေးခွန်းများ
ဘာသာရပ်အများစုက Zoom Live သင်ကြားခြင်းနဲ့ LMS အတွင်းမှ လေ့လာခြင်းဆိုပြီး နှစ်မျိုးစလုံးနဲ့ သင်ကြားပါတယ်။
Zoom Live မှာ မတက်နိုင်တဲ့သူတွေအတွက် မိမိတို့အဆင်ပြေတဲ့အချိန်မှာ လေ့လာသင်ယူမှုလုပ်နိုင်ဖို့ Recorded Lecture တွေကို LMS ထဲမှာ တင်ထားပေးပါတယ်။
ဒါကြောင့် အတန်းလိုက်မတက်နိုင်ရင်တောင် အဆင်ပြေတဲ့အချိန်မှာ LMS ထဲကနေ လေ့လာသင်ယူနိုင်ပါတယ်။
အတန်းအလိုက်/ဘာသာရပ်အလိုက် Information ပေးနိုင်ဖို့တော့ သက်ဆိုင်ရာ ဆရာ/မက ဖွဲ့စည်းပေးထားတဲ့ Telegram Group ကို Join ထားဖို့ လို့ပါမယ်။ Telegram Group လင့်တွေကို LMS ထဲမှာ ပေးထားလေ့ ရှိပါတယ်။
တကယ်ကို ဖြေရခက်တဲ့ မေးခွန်းပါ။ အွန်လိုင်းကွန်ပျူတာတက္ကသိုလ်ဖြစ်နေလို့ ကွန်ပျူတာမရှိရင်တော့ လက်တွေ့လုပ်မှရတဲ့ ဘာသာရပ်တွေအတွက် အရမ်းကို အခက်အခဲတွေ့နိုင်ပါတယ်။
ခုခေတ်မှာ မိမိတို့ တက်နိုင်တဲ့အတိုင်းအတာနဲ့ ဈေးသက်သာတဲ့ကွန်ပျူတာတွေလဲ ရနိုင်တာမို့လို့ အတန်းတက်ချိန်တွေနဲ့ Telegram Group တွေထဲမှာ Admin ဆရာ/မတွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ အကြံပြုပါတယ်။
ပထမနှစ်စတင်တက်ရောက်ဖို့ လိုအပ်တဲ့အချက်အလက်နဲ့ လမ်းညွှန်ချက်တွေကို NUCS ရဲ့ Online Public Channel များဖြစ်တဲ့ Facebook၊ Telegram နဲ့ Website တို့မှာ ကြေညာပေးမှာဖြစ်လို့ ယင်း Public Channel များကို အမြဲစောင့်ကြည့်နေဖို့တော့ လိုအပ်ပါမယ်။
သက်ဆိုင်ရာ အတန်းအလိုက် ဖွဲ့စည်းပေးထားတဲ့ Private Telegram Group များကို ဝင် Join ထားဖို့ လိုပါမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကြေညာချက်မှာ ပါပါလိမ့်မယ်။
Facebook - https://web.facebook.com/profile.php?id=61565827423927
Telegram - https://t.me/ucs_iboe
Website - https://nucs-edu.org
ကျောင်းလခနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ ပေးချေရမည့် နည်းလမ်းများကို https://nucs-edu.org/admission/fee/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကျောင်းမတက်ခင်ကြိုတင်ကောက်ခံတာမျိုး မဟုတ်လို့ အတန်းတက်နေချိန်မှာ ပေးသွင်းနိုင်ပါတယ်။ ပေးသွင်းနည်းတွေကို သက်ဆိုင်ရာ ဆရာ/ဆရာမက ကူညီပေးနေမှာမို့လို့ ကြိုတင်ပြီး စိတ်ပူစရာမလိုပါဘူး။
ရပ်နား/ပြန်တက်ခွင့်နှင့် နှုတ်ထွက်ခွင့်တောင်းခံရန်အတွက် အသေးစိတ်အချက်အလက်များကို https://nucs-edu.org/admission/postpone-and-resign/ တွင် ဝင်ရောက်ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
