သုတေသနပြုလုပ်ဆဲ မဟာတန်းများ နှင့် ပါရဂူတန်း သင်တန်းသား/သူများ
NUCS တွင် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်နိုင်ရေး ကြေညာချက်
၂၀၂၆ ခုနှစ်၊ မေလ (၂၁)ရက်
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လျှက် ယနေ့တိုင် CDM ပြုလုပ်ထားကြသည့် ကွန်ပျူတာတက္ကသိုလ်များနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့၏ မဟာတန်းနှင့် ပါရဂူတန်းအသီးသီးမှ သုတေသနပြုလုပ်နေကြသော သင်တန်းသား/သူများအတွက် National University of Computer Studies (NUCS) တွင် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်နိုင်ရေး လက်ခံပေးလျှက် ရှိပါသည်။
| တက္ကသိုလ်များ | လက်ခံသည့် မဟာတန်းများ | လက်ခံသည့် ပါရဂူတန်းများ |
|---|---|---|
| ကွန်ပျူတာတက္ကသိုလ်များ အားလုံး | M.C.Sc. နှင့် M.C.Tech. များ အားလုံး | Ph.D. (IT) |
| သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) | M.C.Sc. နှင့် M.C.Tech. များ အားလုံး | Ph.D. (IT) |
အရေးကြီးသောသတိပေးချက်များ
- ပါရဂူတန်းများအတွက် Ph.D. (IT) ဘွဲ့ကို ပေးအပ်မည်ဖြစ်ပြီး မဟာဘွဲ့များအတွက် မဟာကွန်ပျူတာသိပ္ပံဘွဲ့ (M.C.Sc.) နှင့် မဟာကွန်ပျူတာနည်းပညာဘွဲ့ (M.C.Tech.) နှစ်မျိုးကိုသာ ပေးအပ်မည် ဖြစ်ပါသည်။
- Supervisor စီစဉ်ပေးနိုင်မှုပေါ်မူတည်၍ ဆက်လက်ပြုလုပ်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အီးမေးလ်ဖြင့် အကြောင်းပြန်ကြားပါမည်။ မိမိ၏ သုတေသနအကျဉ်းချုပ်ကို နာရီဝက်စာ Online Presentation ပေးရန် ပြင်ဆင်ထားရပါမည်။
- စိစစ်ရန်နှင့်စီစဉ်ရန် ကြာချိန် (၃)လ ခန့်ရှိမည် ဖြစ်ပါသဖြင့် လျှောက်လွှာတင်ပြီး (၃) လ အကြာမှသာ စုံစမ်းမေးမြန်းပေးပါရန်။
- မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသားအသစ်များ ခေါ်ယူနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
တင်သွင်းရမည့် အချက်အလက်များ
- အမည် / အတန်း / တက္ကသိုလ် / ပြုလုပ်ပြီးခဲ့သည့် Seminar အကြိမ်အရေအတွက်
- ယင်းသင်တန်းတက်ရောက်နေကြောင်း အထောက်အထား တခုခု
- ရေးသားထုတ်ဝေခဲ့ပြီးသော ပြည်တွင်း/ပြည်ပ စာတမ်းများနှင့် မှန်ကန်ကြောင်း စိစစ်နိုင်မည့် အချက်အလက်များ (ဥပမာ — conference, publication link …)
- မိမိပြုလုပ်နေသည့် Thesis/Research ၏ Field of Study နှင့် အကျဉ်းချုပ်
လျှောက်ထားသူများသည် မြန်မာ့ပညာရေးစနစ် (Myanmar Education System – MES) မှတဆင့် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး လျှောက်ထားနည်းလမ်းညွှန်ကို ဇွန်လ ၂၀၂၆ အတွင်း ထပ်မံကြေညာပါမည်။
