မြန်မာစာ
Course Code: M-1262 | Second Semester
Duration
16 Weeks
Lectures
2 per week × 1 hour
Textbook
📚
Required Textbook
Online သင်ထောက်ကူများ (Online Teaching Materials)
Course Description
ဤသင်တန်းသည် ဒုတိယနှစ်ဝက် ကျောင်းသား/သူများအတွက် မြန်မာစာပေနှင့် ဘာသာစကားကို ဆက်လက်နက်ရှိုင်းစွာ လေ့လာနိုင်ရေး ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်သည်။ စကားပြေနှင့် ကဗျာ ဟူ၍ အဓိကအပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့ဂုဏ်ဝင်စာပေစာဆိုကြီးများ၏ ထက်မြက်နက်နဲသော ရေးသားချက်များကို ပိုမိုနက်ရှိုင်းစွာ ခံစားနားလည်နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။ ကျောင်းသားများသည် တိုင်းချစ်ပြည်ချစ်စိတ်၊ ဇာတိမာန်နှင့် လူမှုတာဝန်သိစိတ်တို့ကို စာပေတစ်ဆင့် ပိုမိုခိုင်မာအောင် မြှင့်တင်ကျင့်သုံးနိုင်ရန် ရည်ရွယ်သည်။
Learning Objectives
- မြန်မာ့ဂုဏ်ဝင် စကားပြေနှင့် ကဗျာများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန် သင်ကြားပေးခြင်း။
- တိုင်းချစ်ပြည်ချစ်စိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကို ပိုမိုခိုင်မာအောင် မြှင့်တင်ပေးခြင်း။
- ကျောင်းသားများ၏ မြန်မာစာပေ ဆန်းစစ်ဝေဖန်နိုင်မှု စွမ်းရည်ကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးခြင်း။
- Assignment နှင့် Tutorial များမှတစ်ဆင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ပိုမိုပြည့်စုံစေခြင်း။
Learning Outcomes
- မြန်မာ့ကဗျာများနှင့် စကားပြေများကို ခံစားနားလည်ပြီး အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ ဖွင့်ဆိုနိုင်မည်။
- တိုင်းချစ်ပြည်ချစ်စိတ်နှင့် လူမှုတာဝန်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို ကျင့်သုံးနိုင်မည်။
- မြန်မာ့စာပေ ဆန်းစစ်မှုနှင့် အကဲဖြတ်နိုင်မှု စွမ်းရည် မြင့်တက်လာမည်။
- Assignment နှင့် Tutorial များမှတစ်ဆင့် သင်ယူမှုကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်မည်။
Assessment Breakdown
20%
Assignment
20%
Tutorial
20%
LMS
40%
Final Exam
Lecture Structure: 2 lectures per week, each up to 60 minutes.
The course covers three main categories — စကားပြေ (Prose), ကဗျာ (Poetry), and အနှစ်ချုပ် (Summary Writing).
Course Outline
| Week | ခေါင်းစဉ် / Topic |
|---|---|
| Topic I စကားပြေ (Prose) | |
| Week 01 – 02 | လမ်းဖောက်ခြင်း (တက်တိုး) |
| Week 03 – 04 | မုသိကနှင့် စိန်ဗေဒါ (မောင်ခင်မင် ဓနုဖြူ) |
| Week 05 – 06 | အင်းဝ (သိပ္ပံမောင်ဝ) |
| Week 07 – 08 | အာရုဏ်ဦး၏အလင်းရောင် (ဆင်ဖြူကျွန်းအောင်သိန်း) |
| 📋 Assignment | |
| Topic II ကဗျာ (Poetry) | |
| Week 09 | သူငယ်ချင်းသို့ (တက္ကသိုလ်မင်းမော်) |
| Week 10 | မတ်လတော်လှန်ရေး (ဒဂုန်တာရာ) |
| Week 11 | ရေကြောင့်လောင်သောမီး (မြင်းမူမောင်နိုင်မိုး) |
| Week 12 | တို့ပြည်တို့ရွာ (မင်းယုဝေ) |
| Week 13 | ပန်းခဲ့သည်ပဲ (ဇော်ဂျီ) |
| 📋 Assignment | 📝 Tutorial | |
| Topic III အနှစ်ချုပ် (Summary Writing) | |
| Week 14 – 15 | အနှစ်ချုပ်ရေးသားခြင်း |
| 📋 Assignment | 📝 Tutorial | |
| 🎓 Final Exam | |
