ဘွဲ့လက်မှတ်လျှောက်ထားကြသူများအတွက် အသိပေးချက်

မေ ၂၇၊ ၂၀၂၆
  • စစ်အာဏာသိမ်းမှုကြောင့် ပညာရေးရပ်တန့်ခဲ့ကြသည့် နောက်ဆုံးနှစ် ကျောင်းသား/သူများအတွက် ဘွဲ့ရယူနိုင်ရေး NUCS က စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လမ်းညွှန်ချက်များကို ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် ကြေညာချက် တွင် ဖတ်ရှုနိုင်ပါသည်။
  • ယင်းဘွဲ့လက်မှတ်လျှောက်ထားကြသူများကို လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊​ အောင်လက်မှတ်များ ပြန်လည်ပေးပို့ပါရန် အကြောင်းကြားသည့် အီးမေးလ်များကို ပေးပို့ထားပြီး ဖြစ်ပါသည်။
  • ဘွဲ့လက်မှတ် လျှောက်ထားကြသော ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ အီးမေးလ်များကို စစ်ဆေးပေးပါရန်နှင့် Spam Mail များတွင်ပါ ဝင်ရောက်စစ်ဆေးပြီး လိုအပ်သည့်အချက်အလက်များ၊ ဖိုင်များကို အမြန်ဆုံးပြန်လည်ပေးပို့ပါရန် အသိပေးပါသည်။
  • ယခုမှ လျှောက်ထားလိုကြသော ကျောင်းသား/သူများကိုလည်း လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
  • NUCS ၏ Facebook Page နှင့် Telegram Channel တို့မှလည်း မေးမြန်းနိုင်ပါသည်။