စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား/သူများအတွက်
သင်တန်းအပ်ရမည့်ကာလ၊ အတန်းစတင်ဖွင့်လှစ်မည့်ရက် နှင့် သင်တန်းအပ်နည်းလမ်းညွှန် ကြေညာခြင်း

June 05, 2026
သင်တန်းအပ်ရမည့်ကာလ ဇွန် ၈၊ ၂၀၂၆ (တနင်္လာနေ့) မှ ဇူလိုင် ၆၊ ၂၀၂၆ (တနင်္လာနေ့) အထိ
သင်တန်းစတင်ဖွင့်လှစ်မည့်ရက် ဇွန် ၂၉၊ ၂၀၂၆ (တနင်္လာနေ့)
သင်တန်းအပ်ခြင်းကို MES တွင် ပြုလုပ်ရမည်ဖြစ်ပြီး သင်တန်းအပ်နည်းလမ်းညွှန်ကို
NUCS Website → ကျောင်းသားရေးရာ → ကျောင်းအပ်နည်း တွင် ကြည့်ရှုနိုင်ပါသည်။
  • သင်တန်းအပ်နှံပြီး တပတ်အတွင်း LMS ထဲ ဝင်ရောက်ရမည့် အချက်အလက်များကို ကျောင်းသား/သူများ၏ MES ထဲတွင် ပေးပို့ပေးထားပါမည်။
  • LMS ထဲတွင် သင်တန်းဆိုင်ရာ လမ်းညွှန်များ တင်ထားပေးမည် ဖြစ်သည်။
  • သတ်မှတ်ရက်အတွင်း သင်တန်းအပ်နှံထားသူများသာ ယခုပညာသင်နှစ်ကို တက်ရောက်ခွင့် ရရှိပါမည်။
📌 လမ်းညွှန်ကို သေချာဖတ်ရှုပါရန်နှင့် အဆင်မပြေမှုတစုံတရာရှိပါက NUCS ၏ Facebook နှင့် Telegram ချန်နယ်များမှတဆင့် မေးမြန်းနိုင်ပါသည်။