National University of Computer Studies
တက္ကသိုလ်ဝင်ကြေးနှင့် ကျောင်းလခ ပေးသွင်းနည်းလမ်းညွှန်
ဘွဲ့ကြို ကျောင်းသား/သူများအတွက်သာ
ကျောင်းလခ ပေးသွင်းနည်း အဆင့်ဆင့်
LMS ကြေညာချက်မှတစ်ဆင့် ငွေလွှဲခြင်း
LMS အတွင်းရှိ ကြေညာချက် (Announcements) တွင် ကျောင်းလခပေးသွင်းရန် လိုအပ်သော ဖောင်လင့်ခ်ကို ဖော်ပြပေးထားပါသည်။ ဖောင်တွင် ဖော်ပြထားသည့် Spring Development Bank (SDB) သို့မဟုတ် NUG Pay ၏ QR Code ကို အသုံးပြု၍ မိမိပေးသွင်းလိုသည့် ကျောင်းလခပမာဏကို လွှဲပြောင်းပေးသွင်းပါ။
Spring Development Bank (SDB)
ဖောင်တွင် ဖော်ပြထားသည့် SDB QR Code ကို အသုံးပြု၍ ငွေလွှဲနိုင်ပါသည်။
NUG Pay
ဖောင်တွင် ဖော်ပြထားသည့် NUG Pay QR Code ကို အသုံးပြု၍ ငွေလွှဲနိုင်ပါသည်။
ငွေလွှဲအထောက်အထား တင်သွင်းခြင်း
ငွေလွှဲပြီးပါက ငွေလွှဲအောင်မြင်ကြောင်း ပြသသည့် Screenshot ကို သိမ်းဆည်းထားပါ။ ထို့နောက် LMS ကြေညာချက်တွင် ဖော်ပြထားသည့် ဖောင်လင့်ခ်သို့ ဝင်ရောက်ပြီး လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ကာ ငွေလွှဲ Screenshot ကို ပူးတွဲတင်သွင်းပါ။
⚠️ အထူးသတိပြုရန်
ငွေလွှဲပြီးပါက ငွေလွှဲအထောက်အထား Screenshot ကို သေချာစွာ သိမ်းဆည်းထားပြီး ဖောင်တွင် လိုအပ်သည့် အချက်အလက်များနှင့်အတူ မှန်ကန်စွာ တင်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကူအညီနှင့် ဆက်သွယ်ရန်
ကျောင်းလခပေးသွင်းရာတွင် အဆင်မပြေမှုများ သို့မဟုတ် မေးမြန်းလိုသည်များရှိပါက တက္ကသိုလ်၏ တရားဝင် Telegram Channel မှတစ်ဆင့်လည်းကောင်း၊
studentaffairs@nucs-edu.org
သို့ အီးမေးလ်ပေးပို့၍လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Telegram Channel သို့ သွားရန်
|
NUCS Facebook Page
National University of Computer Studies (NUCS)
တက္ကသိုလ်ဝင်ကြေးနှင့် ကျောင်းလခ ပေးသွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်
