Grammar Elementary Class

               ယနေ့ခေတ်မှာ English ဘာသာဟာ ကမ္ဘာသုံးဘာသာစကားအဖြစ်သတ်မှတ်ထားခံရဆဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ English ဘာသာစကားကို အခြေခံကျကျ သိကျွမ်းနားလည်ထားဖို့လိုပါတယ်။ Foundation ကောင်းမှလည်း Advanced Level အဆင့်များအထိ ကောင်းမွန်စွာ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပညာရေးသပိတ်မှောက်ကျောင်းသားများအတွက်  English Elementary Class လေးတစ်ခုကို စီစဉ်ပေးထားပါတယ်နော်။

grammar class

တက်ရောက်နိုင်မယ့်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့် နှီးနွယ်သောတက္ကသိုလ်များမှ ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။ Zoom မှ တဆင့်သင်ကြားပေးမယ့် ဒီအတန်းလေးဟာ နိုဝင်ဘာ (၇) ရက်နေ့မှာ စတင်ပြီး ကာလအားဖြင့် ဆယ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များမှာ ညနေ ၅ နာရီမှ ၆ နာခွဲ (5:00 pm to 6:30 pm) ထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

လာရောက်လျှောက်ထားသူများအနေနဲ့ အောက်ဖော်ပြပါ Form လေးမှာ စာရင်းပေးသွင်းထားနိုင်ပြီး တက်ရောက်ခွင့်ရရှိသူများကို Email မှ တဆင့်ပြန်လည်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် အခုပဲ စာရင်းသွင်းလိုက်ကြရအောင်နော်။