NUCS တွင် တက်ရောက်လိုသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့က မြန်မာ့ပညာရေးစနစ် (MES) ကတဆင့်လျှောက်ထားရန် ခေါ်ဆိုချိန်တွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ယင်းသို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ခေါ်ဆိုချိန်များတွင် NUCS ဝက်ဆိုက်၊ Facebook Page နှင့် တယ်လီဂရမ်များမှလည်း ကြေညာပေးမည် ဖြစ်ပါသည်။ 

NUCS ဝင်ခွင့်လျှောက်ထားရန် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • B.C.Sc.     (၄) နှစ်
  • B.S.Tech  (၄) နှစ်

(ဒုတိယနှစ်တွင် မိမိတို့နှစ်သက်ရာမေဂျာကို ရွေးချယ်ရမည်။)

  • BECA စာမေးပွဲပြီးမြောက်ကြောင်းလက်မှတ်ရရှိထားပြီး အင်္ဂလိပ်၊ သင်္ချာ၊ ရုပဗေဒ ဘာသာရပ်များတွင် အနိမ့်ဆုံး Grade B (၂) ဘာသာနှင့် Grade C+ (၁) ဘာသာရရှိထားသူများ
  • ၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်စာမေးပွဲ အောင်မြင်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ (၃) ဘာသာပေါင်းရမှတ် (၁၈၀) နှင့်အထက် ရရှိထားသူများ
  • နယ်စပ်ဒေသ/တိုင်းရင်းသားပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်အောင်မြင်ထားသူများ
  • GED/IGCSE/SAT/ACT စာမေးပွဲအောင်မြင်ထားသူများ

(အမှတ်စဉ် (၁) မှ (၃) သည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် အောင်မြင်ထားသူဖြစ်ရမည်။)

  • အမှတ်စာရင်း
  • CDM ဖြစ်ကြောင်းအထောက်အထား (သို့မဟုတ်) ကိုယ်တိုင်ဝန်ခံချက်
  • တော်လှန်ရေးကဏ္ဍတရပ်ရပ်တွင် ပါဝင်ကြောင်း အထောက်အထား (ရှိပါက)