NUCS တွင် တက်ရောက်လိုသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့က မြန်မာ့ပညာရေးစနစ် (MES) ကတဆင့် တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) ခေါ်ဆိုခြင်း ကို အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားရပါမည်။ NUCS သို့ တိုက်ရိုက်လျှောက်ထားရမည်မဟုတ်ဘဲ MES ကတဆင့်သာ လျှောက်ထားရမည်ဖြစ်ပါသည်။

“ ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)” အကြောင်း သိလိုရာများအားကို တယ်လီဂရမ်မှတဆင့် စုံစမ်းမေးမြန်းနိုင်ရန် ဤလင့် ကို နှိပ်ပါ။

 NUCS ဝင်ခွင့်လျှောက်ထားရန် လိုအပ်ချက်များ

  • B.C.Sc.     (၄) နှစ်
  • B.C.Tech  (၄) နှစ်
(ဒုတိယနှစ်တွင် မိမိတို့နှစ်သက်ရာမေဂျာကို ရွေးချယ်ရမည်။)  

** သတိပေးချက် - ဝင်ခွင့်လျှောက်ထားရာတွင် MES ထဲတွင် ကွန်ပျူတာသိပ္ပံ/နည်းပညာဘွဲ့ ကို ရွေးချယ်ရပါမည်။
  • ၂၀၂၆ခုနှစ်၊ စတုတ္တအကြိမ် တက္ကသိုလ်ဝင်ခွင့်အတွက် NUCS က လက်ခံမည့်အရေအတွက်မှာ (၅၀၀)ဦး ဖြစ်ပါသည်။
  • BECA စာမေးပွဲပြီးမြောက်ကြောင်းလက်မှတ်ရရှိထားပြီး အင်္ဂလိပ်၊ သင်္ချာ၊ ရုပဗေဒ ဘာသာရပ်များတွင် အနိမ့်ဆုံး Grade B (၂) ဘာသာနှင့် Grade C+ (၁) ဘာသာရရှိထားသူများ
  • ၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်စာမေးပွဲ အောင်မြင်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ (၃) ဘာသာပေါင်းရမှတ် (၁၈၀) နှင့်အထက် ရရှိထားသူများ
  • နယ်စပ်ဒေသ/တိုင်းရင်းသားပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်အောင်မြင်ထားသူများ
  • GED/IGCSE/SAT/ACT စာမေးပွဲအောင်မြင်ထားသူများ

(အမှတ်စဉ် (၁) မှ (၃) သည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် အောင်မြင်ထားသူဖြစ်ရမည်။)

  • အမှတ်စာရင်း (BECA ကျောင်းသား/သူများ အမှတ်စာရင်းတင်သွင်းရန် မလိုအပ်ပါ။)
  • CDM ဖြစ်ကြောင်းအထောက်အထား (သို့မဟုတ်) ကိုယ်တိုင်ဝန်ခံချက်
  • တော်လှန်ရေးကဏ္ဍတရပ်ရပ်တွင် ပါဝင်ကြောင်း အထောက်အထား (ရှိပါက)
  • ဝင်ခွင့်စာမေးပွဲကို အွန်လိုင်းဖြင့် ဖြေဆိုရမည်။ (ဝင်ခွင့်စာမေးပွဲဖြေဆိုရန် အရည်အချင်းပြည့်မှီသူများကို MES Dashboard မှအဆင့် အကြောင်းကြားပါမည်။)
  • ဖြေဆိုရမည့်ဘာသာရပ်များမှာ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒနှင့် စိတ်ပညာဘာသာရပ်များ ဖြစ်ပါသည်။ 

 

Facebook


Telegram


Website


studentaffairs@nucs-edu.org

 

NUCS လျှောက်ထားကြမည့် ကျောင်းသား/သူများအတွက် NUCS ကို MES မှ တဆင့် လျှောက်ထားနည်းများနှင့် သိသင့်သိမှတ်ဖွယ်ရာအချက်အလက်များကို ဒုတိယနှစ်က Simon က ရှင်းလင်းတင်ပြပေးထားပါသည်။

NUCS ဆိုတာဘာလဲ၊ လျှောက်ထားနိုင်သော ကာလ၊ လက်ခံမည့် ကျောင်းသားဦးရေ၊ တင်သွင်းရမည့် စာရွက်စာတမ်းများ၊ ဝင်ခွင့်စာမေးပွဲ အချက်အလက်များ၊ သင်ကြားပုံစံ၊ သင်တန်းကာလ နှင့် Semester Structure၊ ရရှိနိုင်သော ဘွဲ့များ စသည်တို့ကို ရှင်းပြပေးထားပါသည်။