အင်တာနက်ပြတ်တောက်နိုင်ခြေရှိသူများအတွက် အသိပေးချက်

ဇူလိုင် ၂၆၊ ၂၀၂၆

  • Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် သတင်း‌နှင့်ပတ်သက်၍ ကျောင်းသား/သူများ စိုးရိမ်နေကြကြောင်း သိရှိပါသည်။
  • အင်တာနက် ပြတ်တောက်ပြီး တက္ကသိုလ်နှင့် ကင်းကွာဖြစ်မည်ကိုစိုးရိမ်ကာ ရပ်နားတင်ထားရမည်လား မေးမြန်းထားသည့်အပေါ် NUCS တက္ကသိုလ်စီမံအုပ်ချုပ်ရေးအနေဖြင့် လက်ရှိအခြေအနေကို အမြဲစောင့်ကြည့်လျှက်ရှိပါသည်။
  • မိမိတို့နေရာဒေသတွင် Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် ကျောင်းသား/သူများသည် ကြိုတင်ပြီး ရပ်နားတင်ထားရန် မလိုအပ်ကြောင်း နှင့် LMS အတွင်း တင်ထားပေးသည့် Form တွင်သာ စာရင်းဖြည့်သွင်းထားရပါမည်။
  • အကယ်၍ အင်တာနက်ပြတ်တောက်ခဲ့ပါက အင်တာနက်ပြန်လည်အသုံးပြုနိုင်ချိန်တွင် တက္ကသိုလ်သို့ Telegram/Email/Messenger တို့ဖြင့် ပြန်လည်သတင်းပို့ပြီး မိမိ၏သင်ယူမှုများကို ဆက်လက်ပြုလုပ်နိုင်ပါသည်။
*အထူးသတိပြုရန်*
LMS အတွင်း ပေးထားသည့် Link မှသာ ဖောင်ကိုဖြည့်ပေးကြပါရန်နှင့် အခြားမည်သည့်နေရာတွင်မှ ယင်းလင့်ကို တင်ထားပေးမည် မဟုတ်ပါ။
NUCS သည် ကျောင်းသား/သူ၏ Personal အချက်အလက်များကို မည်သည့်အခါမှ ကောက်ခံမည် မဟုတ်ပါ။
 
MES-ID၊ NUCS-Id နှင့် MES အတွင်း Register လုပ်ထားသည့် Email များကို မှတ်သားထားပါရန်နှင့် ကျောင်းသား/သူကိုစိစစ်အတည်ပြုရန် NUCS က ယင်းအချက်အလက်များကို ပြန်လည်မေးမြန်းမည် ဖြစ်ပါသည်။
 
ကျောင်းသားရေးရာဌာန
NUCS