National University of Computer Studies

ဘွဲ့လွန်သုတေသနသင်တန်းသားများအတွက်
ကျောင်းအပ်နည်းလမ်းညွှန်

June 26, 2026

ပညာသင်ခွင့်ရပ်တန့်နေခဲ့ကြသော ပါရဂူနှင့် မဟာတန်း သုတေသနကျောင်းသား/သူများအတွက် NUCS တွင် သုတေသနဆက်လက်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် ကျောင်းအပ်ခြင်းနှင့် သင်တန်းသားစာရင်းသွင်းခြင်းများကို MES မှ တဆင့် ပြုလုပ်နိုင်ကြပြီ ဖြစ်ပါသည်။

သင်တန်းကြေညာချက်နှင့် သင်တန်းအပ်နည်းလမ်းညွှန်ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်−

တက္ကသိုလ်ဘက်က စိစစ်စီစဉ်ပြီး အီးမေးလ်ဖြင့် အကြောင်းပြန်ပါမည်။ သင်တန်းသားတစ်ဦးချင်းစီအလိုက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသဖြင့် ကြာမြင့်ချိန် (၃) လအထိ ရှိနိုင်ပါသည်။

*** စုံစမ်းမေးမြန်းမှုများကို Submit လုပ်ပြီး (၃) လကျော်မှသာ ပြုလုပ်ပါရန်။

အဆင်မပြေမှုရှိပါက NUCS ၏ တရားဝင် Facebook နှင့် Telegram Channel များမှသော်လည်းကောင်း, studentaffairs@nucs-edu.org သို့ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျောင်းသားရေးရာဌာန
NUCS