ပြန်လည်တက်ရောက်ခွင့်တင်ထားသော ကျောင်းသား/သူများအတွက် တက်ရောက်ရမည့်အတန်းဆိုင်ရာလမ်းညွှန်ချက်
စက်တင်ဘာ ၂၃၊ ၂၀၂၆
ရပ်နားထားပြီးနောက် ပြန်လည်တက်ရောက်ရန်အတွက် တက္ကသိုလ်မှအီးမေးလ်ရရှိပြီးသူများ သည် မိမိတို့ရပ်နားထားသည့် အတန်း/Semester မပြီးဆုံးခဲ့ပါက ယင်းအတန်း/Semester ကို ပြန်တက်ရပါမည်။ ရပ်နားခဲ့သော အတန်း/Semester ပြီးဆုံးခဲ့ပါက နောက်အတန်း/Semester ကို ဆက်လက် တက်ရောက်ရပါမည်။
ကျောင်းသား/သူများအနေဖြင့် မိမိတက်ရောက်မည့် အတန်း/Semester ကို Self Enrolment ဖြင့် LMS ထဲတွင် ကိုယ်တိုင်ရွေးချယ် တက်ရောက်ရမည် ဖြစ်ပါသည်။
လက်ရှိဖွင့်လှစ်ထားသော အတန်း/Semester များကို အောက်တွင်ဖော်ပြထားပြီး မိမိနှင့်ကိုက်ညီ သည့်အတန်းကို LMS ထဲတွင် Enroll ပြုလုပ်ပြီး တက်ရောက်နိုင်ပါသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့်ပညာရေးရပ်နားသူများအတွက် Resume တန်းများကို လက်ရှိတွင် တတိယနှစ်နှင့် စတုတ္ထနှစ်များ ဖွင့်လှစ်ပေးထားပါသည်။ အခြားသင်တန်းနှစ်များအတွက် နီးစပ်ရာ ပုံမှန် အတန်းများတွင်သာ ပူးပေါင်းတက်ရောက်ရမည်ဖြစ်ပါသည်။
ဤအချိန်ဇယားကို အပြောင်းအလဲဖြစ်တိုင်း ကြေညာပေးမည်ဖြစ်ပြီး ကျောင်းသား/သူအနေဖြင့် လက်ရှိဖွင့်လှစ်သောအတန်းတွင်တက်ရောက်မည် (သို့မဟုတ်) နောက်အတန်းကို စောင့်ဆိုင်းမည်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ဆက်သွယ်မှုများ ပိုမိုမြန်ဆန်ရန်အတွက် Telegram Channel မှတဆင့် မေးမြန်းနိုင်ပါသည်။
