ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော ကျောင်းသား‌/သူများအတွက် သင်ကြားရေးအစီအစဉ်

ယနေ့ အထိလက်ခံဆောင်ရွက်ပေးနေဆဲ ဖြစ်ပါသည်။

  • Covid-19 ဖြစ်ချိန်မှစ၍ သင်တန်းများရပ်တန့်ခဲ့ရပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လျှက်ယခုတိုင် CDM ပြုလုပ်ထားသည့် သက်ဆိုင်ရာကွန်ပျူတာနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များ၏ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/သူများ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် The National University of Computer Studies (NUCS) တွင် ၂၀၂၄ခုနှစ်မှ စတင်၍ ဖွင့်လှစ်‌သင်ကြား‌ပေးလျှက် ရှိပါသည်။
  • NUCS အနေဖြင့် အောက်ပါ ကွန်ပျူတာနှင့်ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ကွန်ပျူတာဘာသာရပ်အထူးပြု ကျောင်းသား/သူများ ကို လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။
    • ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM အပါအဝင်) – ပထမနှစ်မှ စတုတ္ထနှစ်အထိ
    • သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) – ပထမနှစ်မှ စတုတ္ထနှစ်အထိ
    • မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) – (Computer Science Engineering နှင့် Electronic and Communication Engineering) မေဂျာများ – ပထမနှစ်မှ ပဉ္စမနှစ်အထိ
    • နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) (UT-YCC) – (Information Science and Technology နှင့် Computer Engineering) မေဂျာများ – ပထမနှစ်မှ ပဉ္စမနှစ်အထိ
  • နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် သီခြားကြေညာချက်ကို this Linkတွင် ကြေညာထားပြီး ဖြစ်ပါသဖြင့် နောက်ဆုံးနှစ်ကျောင်းသား/သူများသည် အဆိုပါ သီးခြားကြေညာချက်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
  • ယခု ဖွင့်လှစ်ပေးမည့် သင်တန်းများအတွက် NUCS မှ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.) နှစ်မျိုးကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်။
    အထူးပြုမေဂျာအလိုက် – ဥပမာ B.C.Sc. (Knowledge Engineering), B.C.Tech. (Embedded System) ကဲ့သို့ ထုတ်ပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ပထမနှစ်မှ စတုတ္ထ/ပဉ္စမနှစ်အထိ ကျောင်းသား၊သူများသည် အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားရမည် –
    • မိမိ ရပ်တန့်‌နေခဲ့သည့် သင်တန်းနှစ်အလိုက် အချက်အလက်များကို ဤ Google Form တွင် ဖြည့်သွင်း‌လျှောက်ထားရပါမည်။
    • Form ဖြည့်ပြီးသူများသည် studentaffairs@nucs-edu.org သို့ ဖောင်ဖြည့်ထားပြီးကြောင်း အီးမေလ်းကို ပေးပို့ပေးရပါမည်။
      (**လုပ်ဆောင်မှုများ ပိုမိုမြန်ဆန်စေရန်အတွက် ဖောင်တွင် လိုအပ်သည့်အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ တင်သွင်းပေးပါရန်)
  • လျှောက်ထားသူ၏ အချက်အလက်များကို စိစစ်မှုများ ပြုလုပ်ပြီးပါက Online learning (LMS) စနစ်ဖြင့် သင်ယူနိုင်ရန် User account information များကို ကျောင်းသား၊သူ၏ အီးမေးလ်ထံသို့ ပြန်လည်ပေးပို့မည် ဖြစ်သည်။ သင်တန်းနှစ်အလိုက် လေ့လာရမည့် ဘာသာရပ်အချက်အလက်များနှင့် လေ့လာရမည့်ပုံစံ အသေးစိတ်တို့ကို LMS တွင် Login ဝင်ပြီး လေ့လာနိုင်ပါသည်။
  • သင်တန်းများအားလုံးသည် Fully-Online စနစ်ဖြင့် သင်ကြားမည် ဖြစ်ပါသည်။ (အနီးစပ်ဆုံး ဖွင့်လှစ်မည့်အတန်းတွင် တက်ရောက်ရမည် ဖြစ်ပါသဖြင့် အချိန် လအနည်းငယ်မျှ စောင့်ရပါမည်။)
  • Google Form တွင်အချက်အလက် မှားယွင်းဖြည့်သွင်းထားသော (သိုမဟုတ်) အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။ အဆိုပါ လျှောက်လွှာများအတွက် ပြန်လည်ဖောင်ဖြည့် တင်သွင်းရမည် ဖြစ်ပါသဖြင့် နှောင့်နှေးမှုများ ကြုံရနိုင်ပါသည်။
  • ထပ်မံသိရှိမေးမြန်းလိုပါက အောက်ပါနေရာများမှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည် –
ကျောင်းသားရေးရာဌာန
The National University of Computer Studies (NUCS)