တက္ကသိုလ်ဝင်ခွင့် · စတုတ္တအကြိမ် · ၂၀၂၆

တက္ကသိုလ်ဝင်ခွင့်
အရည်အချင်းစစ်စာမေးပွဲ လမ်းညွှန်

၂၀၂၆ ခုနှစ်၊ စတုတ္တအကြိမ် တက္ကသိုလ်ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်ရွေးချယ်ခံရသော ကျောင်းသား/သူများအတွက် အရေးကြီးသော သတင်းအချက်အလက်များ

📅 စာမေးပွဲကာလ (ပထမအသုတ်)
၃၀-၃-၂၀၂၆ (တနင်္လာနေ့) ၃၁-၃-၂၀၂၆ (အင်္ဂါနေ့)
📅 စာမေးပွဲကာလ (ဒုတိယအသုတ်)
၁-၄-၂၀၂၆ (ဗုဒ္ဓဟူးနေ့) ၂-၄-၂၀၂၆ (ကြာသပတေးနေ့)
🖥️
MES Dashboard တွင် ကြည့်ရှုရန်
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ MES မှတဆင့် NUCS သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ကြသော ကျောင်းသား/သူများအနက်မှ အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံရသူများ၏ MES Dashboard တွင် အောက်ပါအချက်အလက်များကို ကြည့်ရှုနိုင်ပါသည် —
  • 📅 စာမေးပွဲဖြေဆိုရမည့် နေ့ရက်
  • 🔐 ဝင်ရောက်ရမည့် Username နှင့် Password
  • 📝 ဝင်ရောက်ဖြေဆိုရမည့်ဝက်ဆိုက်လင့်
⚠️
အရေးကြီးသော သတိပေးချက်
စာမေးပွဲဝင်ရောက်မဖြေဆိုသူများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရာတွင် မည်သည့်အကြောင်းပြချက်နှင့်မျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါသဖြင့် သတ်မှတ်ထားသည့်နေ့ရက်များတွင် မပျက်မကွက် ဖြေဆိုရန်သာ တိုက်တွန်းပါသည်။
🔑
Login ဝင်ရောက်ပြီး ဆောင်ရွက်နိုင်သည်များ
MES Dashboard တွင်ပေးထားသော အချက်အလက်များဖြင့် (၂၉.၃.၂၀၂၆) မှစ၍ Login ဝင်ရောက်ပြီး —
  • 📘 စာမေးပွဲသတ်မှတ်ချက်များနှင့် မေးခွန်းပုံစံများကို ဖတ်ရှုနိုင်သည်။
  • 📄 စနစ်အသုံးပြုနည်း/ဖြေဆိုနည်းလမ်းညွှန်ကို ဖတ်ရှုနိုင်သည်။
  • 📝 သတ်မှတ်ရက်များတွင်သာ စာမေးပွဲကို မြင်နိုင်ပြီး (၁၅) မိနစ် Sample Question ကို ကြိုတင်ဖြေဆိုနိုင်သည်။
🔁
ဖြေဆိုခွင့် (၂) ကြိမ်
မိမိနေရာတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း အဆင်ပြေသည့်အချိန်တွင် ဖြေဆိုနိုင်သည်။ လက်ရှိအခြေအနေများကြောင့် (၂) ကြိမ် ဖြေဆိုခွင့် ပေးထားပြီး အမြင့်ဆုံးရမှတ် ကိုသာ အတည်ယူပါမည်။
🔒
လုံခြုံရေး သတိပေးချက်
မိမိ Username နှင့် Password ကို မည်သူကိုမျှ မပေးပါနှင့်။
🔔
အချက်အလက်များ မှန်မှန်စစ်ဆေးရန်
ဤစာမျက်နှာရှိ အချက်အလက်များသည် ပြင်ဆင်မှုများရှိနိုင်သဖြင့် စာမေးပွဲမဖြေဆိုမီ အချိန်အထိ အမြဲကြည့်ရှုထားရန် တိုက်တွန်းပါသည်။
📬
Contact Us
မေးမြန်းလိုပါက အောက်ပါ Links များမှ ဆက်သွယ်နိုင်သည် —
ℹ️
အရေးကြီးသောသတင်း:
ဤစာမျက်နှာရှိ အချက်အလက်များကို အချိန်မရွေး ပြင်ဆင်မှုများ ရှိနိုင်ပါသည်။