မြန်မာစာ
Course Code: M-1161 | First Semester
Duration
15 Weeks
Lectures
2 per week × 1 hour
Textbook
📚
Required Textbook
Online သင်ထောက်ကူများ (Online Teaching Materials)
Course Description
ဤသင်တန်းသည် ပထမနှစ် ကျောင်းသားများအတွက် မြန်မာစာပေနှင့် ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရေး ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်သည်။ စကားပြေ၊ ကဗျာ၊ ဇာတိမာန်စာပေနှင့် ရုံးသုံးမြန်မာစာ ဟူ၍ အဓိကအပိုင်းလေးခုဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့ဂုဏ်ဝင်စာပေစာဆိုကြီးများ၏ အမြော်အမြင်ကြွယ်ဝသော ကဗျာများ၊ ဆောင်းပါးများနှင့် ဇာတ်ကြောင်းများကို လေ့လာသင်ယူမည်ဖြစ်သည်။ ထို့အပြင် ကျောင်းသားများ၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဗဟုသုတများ မြှင့်တင်ပေးရန်နှင့် ရုံးသုံးမြန်မာစာ ကျွမ်းကျင်မှုများ တည်ဆောက်ပေးရန် ရည်ရွယ်သည်။
Learning Objectives
- မြန်မာ့ဂုဏ်ဝင်စာပေများ၊ ကဗျာများနှင့် ဆောင်းပါးများကို နားလည်သဘောပေါက်နိုင်ရန် လေ့လာစေခြင်း။
- ကျောင်းသားများ၏ ဇာတိမာန်၊ ကိုယ်ကျင့်တရားနှင့် တာဝန်သိစိတ်ကို မြှင့်တင်ပေးခြင်း။
- ရုံးသုံးမြန်မာစာ ရေးသားနည်းများဖြစ်သည့် ခွင့်စာ၊ အမိန့်ကြော်ငြာစာနှင့် ဖိတ်ကြားစာတို့ကို ကောင်းမွန်စွာ ရေးသားနိုင်ရေး သင်ကြားပေးခြင်း။
- မြန်မာအဘိဓာန်နှင့် သဒ္ဒါဆိုင်ရာ ဗဟုသုတများကို တိုးမြှင့်ပေးခြင်း။
- မြန်မာ့ဂေဟသဘာဝ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို စာပေတစ်ဆင့် လေ့လာစေခြင်း။
Learning Outcomes
- မြန်မာ့ကဗျာများနှင့် စကားပြေများကို ခံစားနားလည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်။
- ဇာတိမာန်၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို ကျင့်သုံးနိုင်မည်။
- ရုံးသုံးစာရွက်စာတမ်းများကို သတ်မှတ်ပုံစံများဖြင့် ကောင်းမွန်စွာ ရေးသားနိုင်မည်။
- မြန်မာသဒ္ဒါစည်းမျဉ်းများနှင့်အညီ ဘာသာစကားကို မှန်ကန်စွာ အသုံးပြုနိုင်မည်။
- Assignment နှင့် Tutorial များမှတဆင့် သင်ယူမှုကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်မည်။
Assessment Breakdown
20%
Assignment
20%
Tutorial
20%
LMS
40%
Final Exam
Lecture Structure: 2 lectures per week, each up to 60 minutes.
The course covers four main categories — စကားပြေ (Prose), ကဗျာ (Poetry), ဇာတိမာန်စာပေ (Patriotic Literature),
and ရုံးသုံးမြန်မာစာ (Official Writing).
Course Outline
| Week | ခေါင်းစဉ် / Topic |
|---|---|
| Topic I စကားပြေ (Prose) | |
| Week 01 | စာဖတ်သူနှင့်စာပေ (တက်တိုး) |
| Week 02 | အားမာန်နှင့်မြန်မာကဗျာ (တိုက်စိုး နှင့် မင်းယုဝေ) |
| Week 03 | ပုဂံမြို့ဟောင်းနှင့်ကျွန်တော် (ဇော်ဂျီ) |
| Week 04 | လမ်းအခွင့် (ပီမိုးနင်း) |
| Week 05 | သပြေညိုနှင့်ကြိုမည့်ရောင်နီ |
| 📋 Assignment | |
| Topic II ကဗျာ (Poetry) | |
| Week 06 | ဩဝါဒထူးပျို့ (စိန္တကျော်သူဦးဩ) |
| Week 07 | သရပါတံခါးမှ ပဲတင်သံ (ဇော်ဂျီ) |
| Week 08 | သတ္တိအရှိဆုံးအချိန် (ထီလာစစ်သူ) |
| Week 09 | သိကြားလိမ် (ဦးပုည) |
| 📋 Assignment | 📝 Tutorial | |
| Topic III ဇာတိမာန်စာပေ (Patriotic Literature) | |
| Week 10 | ဆက်ဆံရေးတာဝန်များ (ရင်နှစ်သည်းချာ နိုင်ငံ့ရတနာဆုံးမစာများ) |
| Week 11 | ကျောင်းသားလူငယ်နှင့် ကိုယ်ကျင့်တရား (ဒေါက်တာအောင်မြင့်ဦး) |
| 📋 Assignment | 📝 Tutorial | |
| Topic IV ရုံးသုံးမြန်မာစာ (Official Myanmar Writing) | |
| Week 12 | ခွင့်စာ၊ အမိန့်ကြော်ငြာစာ၊ အစည်းအဝေးဖိတ်ကြားစာ |
| Week 13 | မြန်မာအဘိဓာန် (Myanmar Dictionary) |
| Week 14 | သဒ္ဒါ (Grammar) |
| Week 15 | အက္ခရာစဉ် (Alphabetical Order) |
| 📋 Assignment | 📝 Tutorial | |
| 🎓 Final Exam | |
