National University of Computer Studies

တက္ကသိုလ်ထောက်ခံစာ တောင်းခံခြင်း

ကျောင်းသား/သူများအတွက် ထောက်ခံစာ လျှောက်ထားရယူခြင်း

တက္ကသိုလ်ထောက်ခံစာ ထုတ်ပေးခြင်း

အကြောင်းအမျိုးမျိုးအတွက် တက္ကသိုလ်တက်ရောက်နေကြောင်း ထောက်ခံစာ ရယူလိုကြသူ ကျောင်းသား/သူများကို တက္ကသိုလ်မှ အခမဲ့ ထုတ်ပေးလျှက်ရှိပါသည်။ ထောက်ခံစာ တောင်းခံလိုသူ ကျောင်းသား/သူများသည် အောက်ဖော်ပြပါ အချက်အလက်များကို တခါတည်း ပြည့်စုံစွာဖြင့် တက္ကသိုလ်သို့ အီးမေးလ်ပေးပို့၍ တောင်းခံနိုင်ပါသည်။

📧 ထောက်ခံစာ တောင်းခံရန် studentaffairs@nucs-edu.org

⏱️ ထောက်ခံစာ ထုတ်ပေးရန်နှင့် စိစစ်ဆောင်ရွက်ရန် အနည်းဆုံး (၂) ပတ်ခန့် ကြာမြင့်နိုင်ပါသည်။ ထို့ကြောင့် လိုအပ်သည့်ရက်မတိုင်မီ ကြိုတင်တောင်းခံပေးပါရန် အသိပေးအပ်ပါသည်။

တောင်းခံရာတွင် ပေးပို့ရမည့် အချက်အလက်များ

Name

မိမိ၏ အမည်အပြည့်အစုံကို ဖော်ပြပေးပါ။

အဖအမည်

မိမိ၏ အဖအမည်ကို ဖော်ပြပေးပါ။

မွေးသက္ကရာဇ်

ရက် / လ / ခုနှစ် အစီအစဉ်ဖြင့် ဖော်ပြပေးပါ။

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို ဖော်ပြပေးပါ။

အတန်း / မေဂျာ

သင်တန်းနှစ်နှင့် မေဂျာကို ဖော်ပြပေးပါ။ ဥပမာ – ဒုတိယနှစ် / ကွန်ပျူတာသိပ္ပံ

MES ID

မိမိ၏ MES ID ကို ဖော်ပြပေးပါ။

NUCS ID

မိမိ၏ NUCS ID ကို ဖော်ပြပေးပါ။

တောင်းခံရသည့် အကြောင်းအရာ

ထောက်ခံစာ လိုအပ်သည့် အကြောင်းအရင်းကို ဖော်ပြပေးပါ။ ဥပမာ – အလုပ်လျှောက်ထားရန် / တက္ကသိုလ်လျှောက်ထားရန်

ရယူလိုသည့် ဘာသာစကား

မြန်မာ / အင်္ဂလိပ် ဘာသာစကားတို့အနက် မိမိရယူလိုသည့် ဘာသာစကားကို ဖော်ပြပေးပါ။

📝 အရေးကြီးမှတ်ချက် — ထောက်ခံစာ ရယူလိုသည့် ဘာသာစကား (မြန်မာ / အင်္ဂလိပ်) ဖြင့် အထက်ဖော်ပြပါ အချက်အလက်များကို ပေးပို့ပါ။

⚠️ အရေးကြီးသတိပြုရန်

ထောက်ခံစာ တောင်းခံရာတွင် အထက်ဖော်ပြပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ တခါတည်း ပေးပို့ပေးပါရန်။ အချက်အလက် မပြည့်စုံပါက ထပ်မံမေးမြန်းစိစစ်ရခြင်းကြောင့် ထောက်ခံစာ ရရှိရန် ကြာမြင့်နိုင်ပါသည်။