Introduction to Data Analytics and Power BI
ယနေ့ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ Data တွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိလာပါတယ်။ လုပ်ငန်းဆောင်တာများပိုမိုချဲ့ထွင်ရန် လိုအပ်လာသည်နှင့် Data တွေရဲ့ လိုအပ်မှုဟာလည်း မြင့်မားလာပါတယ်။ ကြီးမားကျယ်ပြန့်သော အခန်းကဏ္ဍများတိုင်းမှာလည်း ထုထည်နှင့်ရှိထားသော Data များကို ဆန်းစစ်စီမံရသည့် တာဝန်ဟာလည်း ကြီးမားလာပါတယ်။ ဒီအတွက်ကြောင့် ယခုတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ကျောင်းသားများအနေနဲ့ data တွေကို မည်သို့မည်ပုံ စီမံကြမလဲဆိုတာ အခြေခံအားဖြင့် သိရှိနားလည်အောင် Data Analytics အတန်းလေးကို စီစဉ်ဆောင်ရွက်ထားပါတယ်။
စာသင်ချိန်တစ်လကြာမြင့်မည့် ယခုအတန်းဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့၊ ညနေ (၇) နာရီမှ (၉) နာရီအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်မည့်ရက်ကတော့ ဒီဇင်ဘာလ (၆) ရက်နေ့ပဲဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးဖော်ပြပါ link လေးမှာ စာရင်းပေးသွင်းဖို့တော့ လိုပါမယ်နော်။

