ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် ကြေညာချက်

ယနေ့ အထိလက်ခံဆောင်ရွက်ပေးနေဆဲ ဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) နှင့် နည်းပညာတက္ကသိုလ်-ရတနာပုံဆိုက်ဘာစီးတီး (UTYCC) တို့တွင် နောက်ဆုံးနှစ်သင်တန်း တက်ရောက်ခဲ့ကြသော ကျောင်းသား/သူများအတွက် The National University of Computer Studies (NUCS) မှ သတ်မှတ်ချက်များနှင့်အညီ စိစစ်ကာ ဘွဲ့လက်မှတ်များ ထုတ်ပေးလျှက်ရှိပါသည်။

သတ်မှတ်ထားသော မေဂျာအလိုက် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.) ဘွဲ့လက်မှတ်များကိုသာ ထုတ်ပေးမည် ဖြစ်ပါသည်။

ဘွဲ့လက်မှတ်ရယူရန်အတွက် အောက်ပါသတ်မှတ်ချက်များကို ပြည့်မှီရမည် ဖြစ်ပါသည် –

  • Internship ပြီးစီးခဲ့သူများ
    • သတ်မှတ်ထားသည့် ကာလတိုသင်တန်းများပြီးစီးပြီး လက်မှတ်များ တင်ပြရပါမည်။
    • Internship နှင့် ပတ်သက်သော အထောက်အထားများ တင်ပြပြီး ၁၅ မိနစ်စာ Presentation ပေးရပါမည်။
  • Internship မပြီးစီးသေးသူများ
    • သတ်မှတ်ထားသည့် ကာလတိုသင်တန်းများပြီးစီးပြီး လက်မှတ်များ တင်ပြရပါမည်။
    • သတ်မှတ်ထားသည့် Mini Project များ ပါဝင်သော သင်တန်းများပြီးစီးပြီး လက်မှတ်များ တင်ပြရပါမည်။ (Mini Project များ ပါဝင်သော သင်တန်းများစာရင်းကို ပူးတွဲ (၄) တွင် ကြည့်ရှုနိုင်ပါသည်။)

ပြီးစီးရမည့် ကာလတိုသင်တန်းများ

No. Learning Platform Course Duration ပြီးစီးရမည့်အရေအတွက်
1 Coursera 1 to 4 weeks 2
1 to 3 months 1
2 edX 1 to 4 weeks 2
1 to 3 months 1
3 Oracle 2
4 Microsoft 3
5 AWS 3
  • ကာလတိုသင်တန်းများစာရင်းအသေးစိတ်ကို ပူးတွဲ ၁၊ ၂ နှင့် ၃ တို့တွင် ကြည့်ရှုနိုင်ပါသည်။

လုပ်ဆောင်ရမည့်လမ်းညွှန်ချက်

  • သတ်မှတ်ထားသည့် Learning Platform များမှ အသိအမှတ်ပြုလက်မှတ်များ ရယူပါ။ (လက်မှတ်ပေါ်ရှိ အမည်နှင့် ကျောင်းသား/သူအမည် တူညီရပါမည်။)
  • ဤလင့်တွင် ဖောင်ဖြည့်သွင်းပါ။
  • Learning Platform များမှ ရရှိထားသော လက်မှတ်များ၊ ယခင် Internship စာရွက်စာတမ်းနှင့်အထောက်အထားများ (ရှိပါက)၊ ယခင်ကျောင်းသား/သူဖြစ်ကြောင်းအထောက်အထားများကို studentaffairs@nucs-edu.org သို့ အီးမေးလ်ပေးပို့ပြီး Subject တွင် “ ဘွဲ့လက်မှတ်လျှောက်ထားခြင်း” ဟု ဖော်ပြပေးပါ။
  • စိစစ်ခြင်းနှင့် ဘွဲ့လက်မှတ်ပြင်ဆင်ခြင်းများအတွက် အချိန် ၂ ပတ်မှ ၄ ပတ် စောင့်ဆိုင်းပေးပါ။ အီးမေးလ်ဖြင့် ပြန်လည်ဆက်သွယ်မည် ဖြစ်သည်။
  • ထပ်မံသိရှိမေးမြန်းလိုပါက အောက်ပါနေရာများမှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည် –

အထက်တွင် ဖော်ပြထားချက်များသည် နားလည်ရလွယ်ကူစေရန် ထုတ်နှုတ် ရေးသားထားခြင်း ဖြစ်ပြီး ကြေညာချက်အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ 

ကွန်ပျူတာတက္ကသိုလ်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) နှင့် နည်းပညာတက္ကသိုလ်-ရတနာပုံဆိုက်ဘာစီးတီး (UTYCC) တို့တွင် နောက်ဆုံးနှစ်သင်တန်း တက်ရောက်ခဲ့ကြသော ကျောင်းသား/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးနိုင်ရေးနှင့် ယာယီဘွဲ့လက်မှတ် ထုတ်ပေးနိုင်ရေးကို ဤကြေညာချက်တွင် ဖတ်ရှုပါ။ စိတ်ပါဝင်စားသော ကျောင်းသား/သူများသည် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လျှောက်လွှာတင်သွင်းရန်လင့်တွင် လျှောက်လွှာဝင်ရောက် ဖြည့်စွက်ပြီး ကြေညာချက်ပါတိုင်း ဆက်လက် ဆောင်ရွက်နိုင်ပါသည်။ ကျောင်းသား/သူအတွက် ထောက်ခံစာ တင်သွင်းပေးမည့်သူများသည် ထောက်ခံစာတင်သွင်းပေးရန်လင့် တွင် ဝင်ရောက်ပြီး တင်သွင်းပေးနိုင်ပါသည်။  ဖောင်ဖြည့်သွင်းရန် လမ်းညွှန်ချက်ကို ဤကြေညာချက်.

ပူးတွဲ | ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၁)ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၂)ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၃)ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပူးတွဲ (၄)ဤလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။