အတုအယောင်၊ အလိမ်အညာ Page များဖြစ်ကြောင်း အသိပေးခြင်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
- NUCS အပါအဝင် ကြားကာလတက္ကသိုလ်များ၏ အသင်းအဖွဲ့များပုံစံဖြင့် အွန်လိုင်းတွင် Page များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖွင့်လှစ်လာကြောင်း တွေ့ရှိရပါသည်။
- ကျောင်းသား/သူနှင့် မိဘပြည်သူများအနေဖြင့် တက္ကသိုလ်မှ တရားဝင် ထုတ်ပြန်ထားသော Page များကိုသာ Follow ပြုလုပ်ကြပါရန် အထူး သတိပေးအပ်ပါသည်။
- NUCS အသုံးပြုနေသည့် အွန်လိုင်းချန်နယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- Facebook : https://web.facebook.com/profile.php?id=61565827423927
- Website : https://nucs-edu.org
- ဖွင့်လှစ်သည့် သင်တန်းအလိုက် အသုံးပြုသည့် Telegram Group များကို LMS ထဲတွင် ကြေညာပေးထားပါသည်။ Group တိုင်းတွင် သက်ဆိုင်ရာ ဆရာ/မအနည်းဆုံး တစ်ဦးပါဝင်ပြီး စောင့်ကြည့်ပေးလျှက်ရှိပါသည်။
- NUCS အနေဖြင့် တက္ကသိုလ်မှ ဖွင့်လှစ်ပေးခြင်းမဟုတ်သော (ကျောင်းသား/သူများသာ ပါဝင်သော) Telegram Group များ ဖွဲ့စည်းခြင်းကို တားမြစ်ထားပါသည်။
- ကျောင်းသား/သူများအနေဖြင့်လည်း ယင်းသို့သော Group များသို့ ဖိတ်ခေါ်ခံရပါက တက္ကသိုလ်ဝာာဝန်ရှိသူများကို ချက်ခြင်းအသိပေးပါရန်နှင့် ဝင်ရောက်ခြင်း လုံးဝ (လုံးဝ) မပြုကြပါရန် လုံခြုံရေး အသိဖြင့် အသိပေးအပ်ပါသည်။
