⁨National University of Computer Studies တက္ကသိုလ်၏ 

ပြောင်းရွှေ့လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

  • ⁨📢 National University of Computer Studies တက္ကသိုလ်၏ ပြောင်းရွှေ့လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ

    မကြာမီခေါ်ဆိုမည့် တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားခြင်းတွင် NUCS သို့လျှောက်ထားလိုသူများအတွက် သတ်မှတ်ချက်များနှင့် NUCS မှ အခြားတက္ကသိုလ်သို့ ပြောင်းရွှေ့လျှောက်ထားလိုသူများအတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ━━━━━━━━━━━━
    ➡️ NUCS သို့ ပြောင်းရွှေ့လျှောက်ထားသူများ
    ✅ ယခင် တက္ကသိုလ်ဝင်ခွင့်တွင် NUCS မှ Selected ပေးထားသူများကိုသာ ပထမနှစ်မှ စတင်လက်ခံမည်။
    ━━━━━━━━━━━━
    ⬅️ NUCS မှ ပြောင်းရွှေ့လျှောက်ထားလိုသူများ
    ✅ အခြားတက္ကသိုလ်သို့ ပြောင်းရွှေ့လျှောက်ထားခွင့် ပြုမည်
    ⚠️ တက္ကသိုလ်က လက်မခံပါက NUCS ၏ လက်ရှိအတန်းတွင်သာ ပြန်တက်ရမည်။
    ━━━━━━━━━━━━
    ပြောင်းရွှေ့ခွင့် တောင်းခံခြင်းဖြည့်ရန် (NUCS ကျောင်းသား/သူများအတွက်သာ)
    📅 နောက်ဆုံးရက် — ၂၅.၅.၂၀၂၆ (တနင်္လာနေ့)
    📌 လျှောက်လွှာကို MES ထဲတွင် ဖွင့်ပေးမည်။
    🔗 လျှောက်ထားရမည့်လင့်: 👉 https://edu.nugmyanmar.org/nucs-uni-t-form
    ━━━━━━━━━━━━━
    📋 အဆင့်ဆင့်လမ်းညွှန်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့က မကြာမီ ထုတ်ပြန်ကြေညာပါမည်။

    #NUCS #တက္ကသိုလ်ပြောင်းရွှေ့ #NUG⁩