Web Development
ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။

သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ -
- အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ
- Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm
- Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System
- ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။
လူဦးရေကန့်သတ်ထားမှုလေးတော့ရှိတာကြောင့် တက်ရောက်လိုသူ သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့တော့လိုအပ်ပါတယ်နော်။ တက်ရောက်ခွင့်ရသူ ကျောင်းသားများကို E-mailမှတဆင့် ပြန်လည်အကြောင်းကြားမှာ ဖြစ်တာကြောင့် စာရင်းသွင်းပြီးရင် mail လေး စောင့်ကြည့်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
