မြန်မာစာ

Course Code: M-1262  |  Second Semester
Duration 16 Weeks
Lectures 2 per week  ×  1 hour
Textbook
📚
Required Textbook
Online သင်ထောက်ကူများ (Online Teaching Materials)
Course Description
ဤသင်တန်းသည် ဒုတိယနှစ်ဝက် ကျောင်းသား/သူများအတွက် မြန်မာစာပေနှင့် ဘာသာစကားကို ဆက်လက်နက်ရှိုင်းစွာ လေ့လာနိုင်ရေး ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်သည်။ စကားပြေနှင့် ကဗျာ ဟူ၍ အဓိကအပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့ဂုဏ်ဝင်စာပေစာဆိုကြီးများ၏ ထက်မြက်နက်နဲသော ရေးသားချက်များကို ပိုမိုနက်ရှိုင်းစွာ ခံစားနားလည်နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။ ကျောင်းသားများသည် တိုင်းချစ်ပြည်ချစ်စိတ်၊ ဇာတိမာန်နှင့် လူမှုတာဝန်သိစိတ်တို့ကို စာပေတစ်ဆင့် ပိုမိုခိုင်မာအောင် မြှင့်တင်ကျင့်သုံးနိုင်ရန် ရည်ရွယ်သည်။

Learning Objectives

  1. မြန်မာ့ဂုဏ်ဝင် စကားပြေနှင့် ကဗျာများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန် သင်ကြားပေးခြင်း။
  2. တိုင်းချစ်ပြည်ချစ်စိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကို ပိုမိုခိုင်မာအောင် မြှင့်တင်ပေးခြင်း။
  3. ကျောင်းသားများ၏ မြန်မာစာပေ ဆန်းစစ်ဝေဖန်နိုင်မှု စွမ်းရည်ကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးခြင်း။
  4. Assignment နှင့် Tutorial များမှတစ်ဆင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ပိုမိုပြည့်စုံစေခြင်း။

Learning Outcomes

  • မြန်မာ့ကဗျာများနှင့် စကားပြေများကို ခံစားနားလည်ပြီး အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ ဖွင့်ဆိုနိုင်မည်။
  • တိုင်းချစ်ပြည်ချစ်စိတ်နှင့် လူမှုတာဝန်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို ကျင့်သုံးနိုင်မည်။
  • မြန်မာ့စာပေ ဆန်းစစ်မှုနှင့် အကဲဖြတ်နိုင်မှု စွမ်းရည် မြင့်တက်လာမည်။
  • Assignment နှင့် Tutorial များမှတစ်ဆင့် သင်ယူမှုကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်မည်။
Assessment Breakdown
20%
Assignment
20%
Tutorial
20%
LMS
40%
Final Exam
Lecture Structure: 2 lectures per week, each up to 60 minutes. The course covers three main categories — စကားပြေ (Prose), ကဗျာ (Poetry), and အနှစ်ချုပ် (Summary Writing).
Course Outline
Week ခေါင်းစဉ် / Topic
Topic I စကားပြေ (Prose)
Week 01 – 02 လမ်းဖောက်ခြင်း (တက်တိုး)
Week 03 – 04 မုသိကနှင့် စိန်ဗေဒါ (မောင်ခင်မင် ဓနုဖြူ)
Week 05 – 06 အင်းဝ (သိပ္ပံမောင်ဝ)
Week 07 – 08 အာရုဏ်ဦး၏အလင်းရောင် (ဆင်ဖြူကျွန်းအောင်သိန်း)
📋 Assignment
Topic II ကဗျာ (Poetry)
Week 09 သူငယ်ချင်းသို့ (တက္ကသိုလ်မင်းမော်)
Week 10 မတ်လတော်လှန်ရေး (ဒဂုန်တာရာ)
Week 11 ရေကြောင့်လောင်သောမီး (မြင်းမူမောင်နိုင်မိုး)
Week 12 တို့ပြည်တို့ရွာ (မင်းယုဝေ)
Week 13 ပန်းခဲ့သည်ပဲ (ဇော်ဂျီ)
📋 Assignment  |  📝 Tutorial
Topic III အနှစ်ချုပ် (Summary Writing)
Week 14 – 15 အနှစ်ချုပ်ရေးသားခြင်း
📋 Assignment  |  📝 Tutorial
🎓   Final Exam