စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လျှက် ယနေ့တိုင် CDM ပြုလုပ်ထားကြသည့် နိုင်ငံတဝှမ်းရှိကွန်ပျူတာတက္ကသိုလ်များနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့၏ မဟာတန်းနှင့် ပါရဂူတန်းအသီးသီးမှ သုတေသနပြုလုပ်နေကြသော သင်တန်းသား/သူများအတွက် National University of Computer Studies (NUCS) တွင် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်နိုင်ရေး လက်ခံပေးလျှက် ရှိပါသည်။
လက်ခံသည့် တက္ကသိုလ်များနှင့် ဘွဲ့များ
တက္ကသိုလ်များ လက်ခံသည့် မဟာတန်းများ လက်ခံသည့် ပါရဂူတန်းများ
  • ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
  • မန္တလေးကွန်ပျူတာတက္ကသိုလ်
  • ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)
  • ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)
  • ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)
  • ကွန်ပျူတာတက္ကသိုလ် (ဘားအံ)
  • ကွန်ပျူတာတက္ကသိုလ် (သထုံ)
  • ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)
  • ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)
  • ကွန်ပျူတာတက္ကသိုလ် (လားရှိုး)
  • ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ)
  • ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)
  • ကွန်ပျူတာတက္ကသိုလ် (ကလေး)
  • ကွန်ပျူတာတက္ကသိုလ် (မုံရွာ)
  • ကွန်ပျူတာတက္ကသိုလ် (မန္တလေး)
  • ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)
  • ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)
  • ကွန်ပျူတာတက္ကသိုလ် (မအူပင်)
  • ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)
  • ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)
  • ကွန်ပျူတာတက္ကသိုလ် (မြိတ်)
  • ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)
  • ကွန်ပျူတာတက္ကသိုလ် (ပြည်)
  • ကွန်ပျူတာတက္ကသိုလ် (မကွေး)
  • ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)
M.C.Sc. နှင့် M.C.Tech. များ အားလုံး Ph.D. (IT)
  • သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)
M.C.Sc. နှင့် M.C.Tech. များ အားလုံး Ph.D. (IT)
⚠️ အရေးကြီးသောသတိပေးချက်များ
  • ပါရဂူတန်းများအတွက် Ph.D. (IT) ဘွဲ့ကို ပေးအပ်မည်ဖြစ်ပြီး မဟာဘွဲ့များအတွက် မဟာကွန်ပျူတာသိပ္ပံဘွဲ့ (M.C.Sc.) နှင့် မဟာကွန်ပျူတာနည်းပညာဘွဲ့ (M.C.Tech.) နှစ်မျိုးကိုသာ ပေးအပ်မည် ဖြစ်ပါသည်။
  • Supervisor စီစဉ်ပေးနိုင်မှုပေါ်မူတည်၍ ဆက်လက်ပြုလုပ်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အီးမေးလ်ဖြင့် အကြောင်းပြန်ကြားပါမည်။ မိမိ၏ သုတေသနအကျဉ်းချုပ်ကို နာရီဝက်စာ Online Presentation ပေးရန် ပြင်ဆင်ထားရပါမည်။
  • စိစစ်ရန်နှင့်စီစဉ်ရန် ကြာချိန် (၃) လ ခန့်ရှိမည် ဖြစ်ပါသဖြင့် လျှောက်လွှာတင်ပြီး (၃) လ အကြာမှသာ စုံစမ်းမေးမြန်းပေးပါရန်။
  • မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသားအသစ်များ ခေါ်ယူနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
📄 တင်သွင်းရမည့် အချက်အလက်များ
  • အမည် / အတန်း / တက္ကသိုလ် / ပြုလုပ်ပြီးခဲ့သည့် Seminar အကြိမ်အရေအတွက်
  • ယင်းသင်တန်းတက်ရောက်နေကြောင်း အထောက်အထား တခုခု
  • ရေးသားထုတ်ဝေခဲ့ပြီးသော ပြည်တွင်း/ပြည်ပ စာတမ်းများနှင့် မှန်ကန်ကြောင်း စိစစ်နိုင်မည့် အချက်အလက်များ (ဥပမာ — conference, publication link …)
  • မိမိပြုလုပ်နေသည့် Thesis/Research ၏ Field of Study နှင့် အကျဉ်းချုပ်
လျှောက်ထားသူများသည် မြန်မာ့ပညာရေးစနစ် (Myanmar Education System – MES) မှတဆင့် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး လျှောက်ထားနည်းလမ်းညွှန်ကို ဇွန်လ ၂၀၂၆ အတွင်း ထပ်မံကြေညာပါမည်။