National University of Computer Studies (NUCS) ၏ တက္ကသိုလ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၈-၂/၂၀၂၄) ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ အောက်ဖော်ပြပါအတိုင်း ကျောင်းလခ ကောက်ခံမည်ဖြစ်ပါသည်။
ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းလခ ကောက်ခံမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည် –
- ကျောင်းအပ်လက်ခံခြင်း (admission fees)
- ၁၀,၀၀၀ (တစ်သောင်း) ကျပ်
- ကျောင်းလခ - စာသင်နှစ်ဝက်တစ်ခုလျှင်
- ၂၀,၀၀၀ (နှစ်သောင်း) ကျပ်
NUG Pay
Spring Development Bank (SDB)
ပေးသွင်းရမည့် အကောင့်များကို သက်ဆိုင်ရာအတန်းအလိုက် ကြေညာပေးပါမည်။
- ကျောင်းသား/သူများသည် ငွေပေးချေပြီးပါက ငွေလွှဲသက်သေခံချက် (Screenshot) အား ကျောင်းလခကောက်ခံမည့်ကာလအတွင်း ပြန်လည်တင်ပြရန် လိုအပ်ပါသည်။
- တင်ပြရမည့်နည်းလမ်းအသေးစိတ်ကို ကောက်ခံချိန်တွင် ကြေညာပေးပါမည်။



studentaffairs@nucs-edu.org