National University of Computer Studies
Payment Management System (PMS) မှ တဆင့် ငွေသွင်းအထောက်အထား တင်သွင်းနည်း လမ်းညွှန်
ကျောင်းလခ ပေးသွင်းရန် လိုအပ်သော ကျောင်းသား/သူများအတွက်
ကျောင်းလခ လက်ခံသော ဘဏ်အကောင့်များ
Spring Development Bank (SDB)
NUG Pay
ငွေသွင်းအထောက်အထား တင်သွင်းနည်း အဆင့်ဆင့်
Payment Management System (PMS) သို့ သွားရောက်ခြင်း
PMS သို့ ဝင်ရောက်ရန် MES အတွင်းရှိ Home (ပင်မစာမျက်နှာ) တွင် ပေါ်နေသည့် Payment Management System လင့်ကို နှိပ်ပါ။ (သို့မဟုတ်) https://payment.moeedu.org ကို သွားရောက်ပါ။
PMS ကို Login ဝင်ရောက်ခြင်း
PMS Login Page ကို MES တွင် အသုံးပြုသော Student ID (MES-ID) နှင့် Password များအသုံးပြု၍ ဝင်ရောက်ပါ။
ဘဏ်အကောင့်များ ကြည့်ရှုခြင်း
Login ဝင်ပြီးပြီးချင်း Home (ပင်မစာမျက်နှာ) တွင် NUCS သို့ ကျောင်းလခပေးသွင်းရမည့် ဘဏ်အကောင့်များကို QR ဖြင့် ပြထားပါသည်။ Spring Development Bank (SDB) နှင့် NUG Pay တို့ဖြင့်သာ လက်ခံပါသည်။
ငွေသွင်းပြီးကြောင်း အထောက်အထားနမူနာများ
Spring Development Bank နှင့် NUG Pay တို့မှတဆင့် NUCS အကောင့်အတွင်းသို့ ပေးသွင်းငွေ ပေးပို့ရမည်ဖြစ်ပြီး ရရှိလာသည့် စလစ်ကို PMS တွင် တင်ပေးရမည် ဖြစ်ပါသည်။ စိစစ်မှုများ ပြုလုပ်နိုင်ရန် Transaction ID များကိုလည်း ဖြည့်သွင်းရမည် ဖြစ်ပါသည်။
ကြေညာချက်များ ကြည့်ရှုခြင်း
ကြေညာချက် (Announcements) များကို ပင်မစာမျက်နှာရှိ ဘဏ် QR များအောက်တွင် ဖတ်ရှုနိုင်ပါသည်။
Payment History ကြည့်ရှုခြင်း
ဘေး Menu ရှိ My Payment မှတဆင့် ယခင် Payment History များကို ကြည့်ရှုနိုင်ပါသည်။ Payment အသစ်ပြုလုပ်ရန် “ Add Payment” .
ငွေသွင်းပြီးကြောင်း အထောက်အထား တင်သွင်းခြင်း
Payment Slip ကို တင်သွင်းရန် လိုအပ်သည့် အချက်အလက်များ ဖြည့်ပါ။ ငွေပေးစလစ်ကိုတင်သွင်းပေးရမည်ဖြစ်ပြီး အခြားတင်သွင်းလိုသည့် Screenshot တခုကိုလဲ တင်သွင်းနိုင်ပါသည်။
ငွေသွင်းအထောက်အထား တင်သွင်းပြီးအခြေအနေ
ငွေသွင်းအထောက်အထား တင်သွင်းပြီးပါက Pending ဖြင့် ဖော်ပြပေးထားပါသည်။
တင်သွင်းထားသော ငွေသွင်းအထောက်အထားကို ပြင်ဆင်ခြင်း
တက္ကသိုလ်ဘက်မှ စိစစ်မှု မလုပ်ရသေးချိန် Pending အခြေအနေတွင် မိမိတင်သွင်းခဲ့သော ငွေသွင်းအထောက်အထားကို ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။
ငွေပေးသွင်းမှု အတည်ပြုခြင်း
တက္ကသိုလ်ဘက်မှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီး Payment မှန်ကန်ပါက အတည်ပြုလက်ခံကြောင်း Confirmed ဖြင့် အကြောင်းပြန်ပါမည်။
ငွေသွင်းအထောက်အထားကို ငြင်းပယ်ခြင်း
အကြောင်းတခုခုကြောင့် ငွေပေးသွင်းမှုအထောက်အထားကို လက်မခံနိုင်ပါက Rejected ဖြင့် ပြသထားပါမည်။ ယင်းငွေပေးသွင်းမှုကို တက္ကသိုလ်ဘက်မှ လက်ခံနိုင်ခြင်းမရှိပါ။
တက္ကသိုလ်ဘက်မှ လိုအပ်ချက် အကြောင်းကြားခြင်း
အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဘက်မှ ကျောင်းသား/သူကို တောင်းဆိုရန် လိုအပ်ပါက Announcement အောက်တွင် မြင်ရပါမည်။ တဦးနှင့်တဦးစီသို့ ပေးပို့သော မက်ဆေ့ မတူနိုင်ပါ။ မိမိရရှိသည့် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာဆောင်ရွက်ပါရန်။
အထူးသတိပေးချက်
မိမိတို့၏ MES ID, Password များနှင့် PMS ID, Password များ အပါအဝင် ငွေပေးသွင်းမှုဆိုင်ရာ မည်သည့်အချက်အလက်ကိုမှ အခြားသူများထံ ဖြန့်ဝေခြင်း၊ Group Chat များတွင် ဖြန့်ဝေခြင်းများကို မည်သည့် အကြောင်းကြောင့်ဖြင့်မှ မပြုလုပ်ကြပါရန်နှင့် မေးမြန်းလိုသည်များ ရှိပါက တက္ကသိုလ်၏ တရားဝင် Facebook and Telegram Channel များမှ Admin များထံ တိုက်ရိုက်မေးမြန်း၍သော်လည်းကောင်း studentaffairs@nucs-edu.org သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။
ငွေသွင်းအထောက်အထား တင်သွင်းနည်းလမ်းညွှန်ကို ဤလင့် တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
